အမြို့မြို့အနယ်နယ်သတင်းများ

Feb 15,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊  လွိုင်လင်ခရိုင်၊  မိုင်းကိုင်မြို့နယ်၌ ရဟန်း၊ ရှင်သာမဏေများ၏ (၄၅) ကြိမ်မြောက်၊ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲကို ဖေဖော်ဝါရီလ ၁၃ ရက် နေ့မှစ၍ မိုင်းကိုင်မြို့နယ်၏ စာဖြေဌာနများဖြစ်သော မြို့လယ်ဓမ္မာရုံနှင့် အ.ထ.က(မိုင်းကိုင်)  တို့၌ ကျင်းပပြုလုပ်လျက်ရှိသည်။
Feb 15,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်းများကို ယမန်နေ့ကမှ UP စက်သုံးဆီအရောင်ဆိုင်နှင့် Apex စက်သုံးဆီ အရောင်းဆိုင်များအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 15,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးလှမိုး ဦးဆောင်သောအဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဖောင်းကန်ရပ်ကွက်ရှိ ရွှေအိုးစက်မှုလက်မှု ကုန်ထုတ်သမဝါယမအသင်း၊ အိုးလုပ်ငန်းလုပ်ကိုင်သော သမဝါယမအသင်းသားများနှင့် တွေ့ဆုံ၍ ယမန်နေ့နံက်ပိုင်းက ထုတ်လုပ်မှုလိုအပ်ချက်များအား ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 15,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၌ အစိုးရရုံးပိတ်ရက်များတွင် ဘုရားဖူးလာရောက်ကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
Feb 15,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ကွေ့ကြီးကျေးရွာအုပ်စု၌ မြစ်ကျိုးကျေးရွာနှင့် ပုဂံကျေးရွာတို့ကို ဆက်သွယ်သည့် မင်္ဂလာကွန်ဂရစ် လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈နာရီခွဲက မင်္ဂလာကွန်ဂရစ် လမ်းသစ်ထိပ်မုဒ်ဦး၌ ကျင်းပသည်။
Feb 15,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျေးလက်ဒေသများတွင် ကင်းတားရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အမှီပြုကာ ငါးဆူအုပ်စု၊ ရွှေကြာအင်းကျေးရွာတောင်သူ ဦးဝင်းမောင်၏ ဖီးကြမ်းငှက်ပျောစိုက်ခင်း အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ဖီးကြမ်းငှက်ပျော ဈေးကောင်းမွန်လာသည့်အတွက် ဖီးကြမ်းငှက်ပျော စိုက်ပျိုးရေးလုပ်ငန်းကို ယခုနှစ်တွင် ပိုမိုတိုးချဲ့စိုက်ပျိုးလုပ်ကိုင် သူများလာကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
Feb 15,2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်နှင့် မြန်အောင်မြို့နယ်တို့ရှိ နေကြာစိုက်ခင်းများကို ကြည့်ရှုအားပေးခဲ့သည်။