အမြို့မြို့အနယ်နယ်သတင်းများ

Feb 15,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ နိဗ္ဗာန်ကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဦးစီးဌာနခွဲမှ ဦးဆောင်မှုဖြင့် ကွင်းအမှတ် ၁၁၃၁၊ ဦးပိုင်အမှတ် (၁၅/၁)  တောင်သူဦးကျော်ဝင်းစိန်၏ ပဲတီစိမ်း(စံပြ)စိုက်ခင်း(၁၀)ဧက၌ ပိုးသတ်ဆေးဓါတ်ကြွင်းကင်းစင်သည့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တာဝန်ရှိသူများ ကွင်းဆင်းအသိပညာပေးခြင်းကို ယမန်နေ့နံနက် (၈) နာရီက ဆောင်ရွက်ခဲ့သည်။
Feb 15,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ နွေသီးနှံများအတွက် မျိုးစေ့များပေးအပ်ခြင်းနှင့် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဖက်ကုန်းကျေးရွာရှိ တောင်သူကြီး ဦးဇော်မင်းအိမ်တွင် ကျင်းပသည်။
Feb 15,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်သို့ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာလာသူ ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက ပေါင်းတည်မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်သည်။
Feb 15,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို၌ ပုဂံပြည့်ရှင်အလောင်းစည်သူမင်းကြီး ကိုယ်တိုင်တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းသမိုင်းဝင်သီဟိုဠ်ရှင် မြတ်စွာဘုရားစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးမှု အထိမ်းအမှတ် အောင်ပွဲနှင့် ဘုရားအနေကဇာတင် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် ဇာတ်အလှသဘင် ဖျော်ဖြေရေး အစီအစဉ်များ အပါအဝင် စုပေါင်းဈေးရောင်းပွဲတော်ကို ၁၂ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Feb 15,2026
ကရင်ပြည်နယ်၊မြဝတီခရိုင်၊မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ အခြေခံပညာမူလတန်း (စောနေစိုးမြ) ကျောင်း၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အလျား ၁၃၀ ပေ × အနံ ၃၀ ပေ အကျယ်အဝန်းရှိသည့် ကျောင်းဆောင်သစ် လွှဲပြောင်း/လက်ခံခြင်းအခမ်းအနားကိုယနေ့နံနက် (၉) နာရီအချိန်၌ အဆိုပါ ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 15,2026
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့က ဦးဆောင်၍ ဈေးများမီးလောင်ဆုံးရှုံးမှုမဖြစ် ပေါ်စေရေးအတွက်ဈေးများ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကိုဖေဖော်ဝါရီ ၁၅ ရက် နံနက် ၈ နာရီခွဲက စဝ်စံထွန်း ရပ်ကွက်၊ စဝ်စံထွန်းဈေး၌အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်သည်။
Feb 15,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊‌ ကျောက်တန်းမြို့နယ် ၊ရွှေပြည်သာယာရပ်ကွပ် ဓမ္မာရုံ၌ ယနေ့မွန်းလွဲပိုင်းက တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာဇီဝလုံခြုံမှု အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့‌ကြောင်းသိရသည်။