ကွမ်းခြံကုန်း ဖေဖော်ဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်းများကို ယမန်နေ့ကမှ UP စက်သုံးဆီအရောင်ဆိုင်နှင့် Apex စက်သုံးဆီ အရောင်းဆိုင်များအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုကို မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မျိုးထွန်းက ဆီဆိုင်များအား မီးဘေးလုံခြုံရေးများ စစ်ဆေးပြီး သန္ဓေတပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူး အသုံးပြုနည်း၊ မီးသတ်ဆေးဘူး အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် မီးသတ်ပိုက်ခေါင်းများ လက်တွေ့ကိုင်တွယ်ခြင်းများ သရုပ်ပြသမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုများအား ရပ်ကွက်/ကျေးရွာများတွင် ဆက်လက်ကွင်းဆင်းစစ်ဆေး သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မျိုးထွန်းထံမှ သိရသည်။
ဆွေနွယ်(ပြန်/ဆက်)