ဝေါ ဖေဖော်ဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ကွေ့ကြီးကျေးရွာအုပ်စု၌ မြစ်ကျိုးကျေးရွာနှင့် ပုဂံကျေးရွာတို့ကို ဆက်သွယ်သည့် မင်္ဂလာကွန်ဂရစ် လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈နာရီခွဲက မင်္ဂလာကွန်ဂရစ် လမ်းသစ်ထိပ်မုဒ်ဦး၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်မြို့၊ မြပုလဲကျောင်းဆရာတော် ဘဒ္ဒန္တဒေါက်တာအရှင်မာမက၊ ကွေ့ကြီးကျေးရွာ အုပ်စုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောပါက၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မောင်ထွေး၊ လမ်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် တာဝန်ရှိသူများက မင်္ဂလာ ကွန်ဂရစ် လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အဆိုပါ ကွန်ဂရစ်လမ်းသစ်ကို ဆရာတော်များ ဦးဆောင်၍ ရပ်ဝေးရပ်နီးမှ အလှူရှင်များနှင့် ဒေသခံပြည်သူများက အလျား((၁၂)ပေ၊ ထုထည် (၆) လက်မ ၊ အရှည် (၂၃၀၀) ပေအား လှူဒါန်းပေးကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)