ပြည်ထောင်စုဝန်းကြီးဦး လှမိုးမှ ပန်းတောင်းမြို့နယ်ရှိ သမဝါယမအသင်းသားများနှင့်တွေ့ဆုံ၍ ‌ထုတ်လုပ်မှုလိုအပ်ချက်များအား ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်

ပန်းတောင်း ဖေဖော်ဝါရီ ၁၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးလှမိုး ဦးဆောင်သောအဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဖောင်းကန်ရပ်ကွက်ရှိ ရွှေအိုးစက်မှုလက်မှု ကုန်ထုတ်သမဝါယမအသင်း၊ အိုးလုပ်ငန်းလုပ်ကိုင်သော သမဝါယမအသင်းသားများနှင့် တွေ့ဆုံ၍ ယမန်နေ့နံက်ပိုင်းက ထုတ်လုပ်မှုလိုအပ်ချက်များအား ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ချောစုလှိုင်၊ ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရန်မျိုးနိုင်၊ ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်သူ၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးကျော်ဇင်ထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများ စုစုပေါင်းအင်အား (၁၀၀)ခန့် တက်‌ရောက်ခဲ့​ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ချောစုလှိုင်မှ ပန်းတောင်းမြို့နယ်၊ ဖောင်းကန်ရပ်ကွက်၊ ရွှေအိုးစက်မှုလက်မှုကုန်ထုတ် သမဝါယမအသင်း၏ အိုးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးမှ လမ်းညွှန်အမှာစကား ပြောကြားရာတွင် တစ်နိုင်တစ်ပိုင် စီးပွားရေးအသေးစား ဝင်‌ငွေတိုး ‌လုပ်ငန်းမှ အကြိုးအမြတ် ရလာနိုင်ကြောင်းကိုလည်းကောင်း အမျိုးသမီးများ စိတ်ပါဝင်စားပါက အပ်ချုပ်သင်တန်းနှင့် ဆပ်ပြာရည်လုပ်နည်းသင်တန်းကိုလည်းကောင်း အမျိုးသားများအနေနဲ့ စိုက်ပျိုးရေးသုံး ရေစုပ်စက်ပြင်သင်တန်းပေးနိုင်ကြောင်း စိုက်ပျိုးရေး အနေနဲ့ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ စသည့် အပင်များ စိုက်ပျိုးသင့်ကြောင်း၊ မွေးမြူရေးအတွက် အသားတိုးကြက် အသားတိုးဝက် တစ်ပိုင်တစ်နိုင် မွေးမြူ၍ အသေးစားဝင်ငွေ တိုးလာနိုင်ကြောင်း၊ အုတ်ကြွပ်ပြားထုတ်လုပ်ရန်မှာ ဝယ်သူနှင့် အဓိကထားပြီး ကုန်ကျမ်းမှ ကုန်ချောသည့်တိုင်တွက်ချက်၍ လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အိုးထုတ်လုပ်သူအသင်းသားများမှ လိုအပ်ချက်များ တင်ပြမှုအပေါ် ပြည်‌ထောင်စုဝန်ကြီး ဦးလှမိုးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ လမ်းညွှန်မှာကြားခဲ့ပြီ အိုးထုတ်လုပ်မှု အခြေအနေအား လှည့်လည်ကြည့်ရှုဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)