အမြို့မြို့အနယ်နယ်သတင်းများ

Feb 15,2026
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူလူငယ်မောင်မယ်များ နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိ စွာအသုံးချတတ်စေရန်၊ လူငယ်မျိုးဆက်သစ်အား ကစားသမားများမွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင်စည်းလုံးညီညွတ်မှုရရှိရေး၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များကာယစွမ်းအား၊ ဉာဏစွမ်းအားတိုးတက်မြင့်မားစေရန်နှင့် ထူးချွန်ထက်မြက်ပြီးအရည် အသွေးပြည့်ဝသော နိုင်ငံ့ဂုဏ်ဆောင်မည့်မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာ စေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေရာသီအခြေခံအားကစားသင်တန်းများကို ယနေ့နံနက် ၇ နာရီကစတင်ပြီး မြို့နယ်နမ့်ယွမ်းခန်းမနှင့် နမ့်ယွမ်းအားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
Feb 15,2026
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ကန်နှစ်ဆင့်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ သဲကုန်းမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သမဝါယမအသင်းသားတောင်သူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
Feb 15,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့အနီး ပတ်ဝန်းကျင်ကျေးရွာများ၌ စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်းစိုက်ပျိုးသည့် မိုးနှောင်းအာလူးများကို ဖေဖော်ဝါရီလအတွင်းတွင် တူဖော်လျက်ရှိကြောင်း သိရသည်။
Feb 15,2026
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းသည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ တောင်ကြီးခရိုင် ရပ်စောက်မြို့နယ်အတွင်းရှိဆည်နှင့် မြောင်းများနုန်းများတူးဖော်ဆည်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့် တောင်ကြီးမြို့နယ်‌ ကျောက်နီမွေးမြူရေးဇုန်သို့ ဖေဖော်ဝါရီလ (၁၄) ရက်နေ့၊ နံနက်ပိုင်းကကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
Feb 15,2026
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ နမ့်ခတ်ကျေးရွာ အုပ်စု၊ ပါကော်-ကယ်ဝှက် ကျေးရွာချင်းဆက် မြေလမ်း ၄/၃ မိုင် အနက် ၂/၀ မိုင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအား ကျိုင်းတုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောမင်းသူနှင့် တာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၄ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Feb 15,2026
ရန်ကုန်တိုင်းဒေသကြီး၊  တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၌ ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ် မ‌ဖြစ်ပွားစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနက ကြီးမှူး၍ ယနေ့နံနက်ပိုင်းက အဖျောက်ဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်းတို့ကို ဇာတ်တိုက်လေ့ကျင့် သရုပ်ပြဆောင်ရွက်သည်။
Feb 15,2026
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများသာမက ရာသီအလိုက် ကာလတို/ ကာလရှည် သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရောင်းချချိန် ခရမ်းချဉ်သီးဈေးနှုန်းများ ကျဆင်းနေကြောင်း စိုက်ပျိုးရောင်းချသူများထံက သိရသည်။