အမြို့မြို့အနယ်နယ်သတင်းများ

Feb 15,2026
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၁၄ ရက် နံနက်ပိုင်းတွင် မုံရွာမြို့အား မြို့အင်္ဂါအရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်သာယာလှပစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ရပ်ကွက်နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်သွားလာနိုင်ရေးအတွက် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ ဇဗ္ဗု့သပြေလမ်းမှ အစိုးရနည်းပညာအထက်တန်းကျောင်းဝန်းအထိ ပြည်ထောင်စုလမ်းရထားသံလမ်းတစ်လျှောက်အား မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများမှဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၅၀၀ ဦးကျော်ဖြင့်စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
Feb 14,2026
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် နိဗ္ဗာန်ဈေးပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီက လူမှုဝန်ထမ်းဦးစီးဌာန ရေနံချောင်းမူလတန်းကြိုကျောင်း၌ ကျင်းပသည်။
Feb 14,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ဒေသထွက်သီးနှံများဖြစ်သည့် ဂရိတ်ဖရုသီး၊ ကျောက်ဖရုံသီး၊ သင်္ဘောသီး၊ ဘုရင်သီး၊ နာနတ်သီး စသည်တို့အား ကျန်းမာရေးနှင့်ညီညွတ်သော တန်ဖိုးမြှင့်စားသောက်ကုန်များ ထွက်ပေါ်လာစေရန်၊ သွင်းကုန်အစားထိုး တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်လာနိုင်ခြင်းဖြင့် ပြည်ပမှဝယ်ယူရသော စားသောက်ကုန်များ တင်သွင်းမှုလျှော့ချနိုင်စေရန်၊ တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်သည့် နည်းပညာများပြန့်ပွားခြင်းဖြင့် စိုက်ပျိုးတောင်သူနှင့် စားသောက်ကုန်လုပ်ငန်းရှင်များ ဝင်ငွေတိုးပွား၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်စေရန်၊ သင်တန်းဆင်းများ ထုတ်လုပ်သည့် တန်ဖိုးမြှင့်အစားအစာများ စနစ်တကျဓာတ်ခွဲစမ်းသပ်၍ လုံခြုံစိတ်ချစွာ စားသောက်နိုင်ရေးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ခြင်းဖြင့် အသေးစားစက်မှုလုပ်ငန်းရှင်များတိုးပွား၍ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုလာစေရန် ဖွင့်လှစ်ခဲ့သည့် သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ပူတာအိုမြို့နယ်၊ ဒါဂိုရှီဇားကျေးရွာ၊ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
Feb 14,2026
ရေစကြိုမြို့နယ်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ညနေ ၄ နာရီခွဲအချိန်က ရေစကြိုမြို့၊ အ.ထ.က (၁) ကျောင်းဝန်းအတွင်း၌ ကျင်းပသည်။
Feb 14,2026
 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့အတွင်း မီးလောင်မှု/ မီးလန့်မှုများ လျော့နည်းကျဆင်းရေးအတွက် စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို မြို့စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းစိုးနှင့် တာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 14,2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြို့မကံ့ကော်မူလတန်းကြိုကျောင်းတွင် ကျောင်းဆင်းဘွဲ့နှင်းသဘင်နှင့် စုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Feb 14,2026
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် လူငယ်များ ကိုယ်ကာယကျန်းမာကြံ့ခိုင်ပြီး စိတ်ဓာတ်စည်းကမ်းကောင်းမွန်သော အားကစားသမားများပေါ်ထွန်းလာစေရန်နှင့် လူငယ်အချင်းချင်း စည်းလုံးညီညွတ်မှုရရှိကာ ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အထကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ (၇၉)နှစ်မြောက်ပြည်‌ထောင်စုနေ့အထိမ်းအမှတ်အမျိုးသားအလွတ်တန်းပိုက်ကျော်ခြင်းလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက် မွန်းလွဲ ၂ နာရီတွင် မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။
Feb 14,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ပင်လုံတက္ကသိုလ် (၂၃)နှစ်ပြည့် အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ပင်လုံတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမတွင် ယခုလ ၁၁ ရက်နေ့တွင် ကျင်းပခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာနီလာမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် စာတမ်းရှင်များ တက်ရောက်ခဲ့သည်။