အစိုးရရုံးပိတ်ရက်များတွင် ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၌ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားများပြားလျက်ရှိ

ဟိုင်းကြီးကျွန်း ဖေဖော်ဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၌ အစိုးရရုံးပိတ်ရက်များတွင် ဘုရားဖူးလာရောက်ကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာရောက်ကြသူများသည် ကုန်းလမ်းရေလမ်းမှ သင်္ဘောများ၊ ကားများဖြင့် လာရောက်ကြပြီး ဘုရားကုန်းတော်အနီးရှိ တည်းခိုရိပ်သာများနှင့် ကုန်းတော်အောက်ရှိ အနှုတ်(၁၂)Levelအတွင်း အနားယူအပန်းဖြေကြပြီး မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၌ ဥုပုသ်သတင်းသီလဆောက်တည်ခြင်း၊ အဓိဓ္ဓာန်ဝင်ခြင်း၊ အလှူအတန်းနှင့် ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်း၊ ပရိတ်/ပဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခြင်း၊ နဂါးစာကျွေးခြင်းတို့ကို ပြုလုပ်ကြသည့်အပြင် ပင်လယ်ကမ်းခြေ၏ သဘာဝအလှများကို ကြည့်ရှုခံစားပြီး ငွေတောင်ရေချိုးဆိပ်တွင် ရေချိုးအပန်းဖြေခြင်း၊ ဟိုင်းကြီးကျွန်းပေါ်ရှိ သမိုင်းဝင်နေရာများနှင့် ဘုရားစေတီပုထိုးများအား သွားရောက်ဖူးမျှော်ခြင်း၊ ကျောက်ကလပ်သို့ သွားရောက်၍ အမှတ်တရ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသူများဖြင့် စည်ကားပြီး၊ အစိုးရရုံးပိတ်ရက်များတွင် တည်းခိုဆောင်ပြည့်သည်အထိ နေ့ချင်းပြန်လာရောက်လည်ပတ်ကြသလို ညအိပ်တည်းခိုသူများလည်းရှိကြောင်း သိရသည်။

လှိုင်မျိုးအောင် (ပြန်/ဆက်)