အမြို့မြို့အနယ်နယ်သတင်းများ

Feb 14,2026
၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံအမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
Feb 14,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၌ (၂၆) ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲကို ယမန်နေ့နေ့လယ် ၁ နာရီမှစ၍ အမှတ် (၃) ရပ်ကွက်၊ ဆိုင်မိန်းကျောင်း၊ ပရိယတ္တိစာသင်တိုက်တွင် ကျင်းပရာ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၂၃ ကျောင်းမှ အခြေပြုမူလတန်းဆင့် သာမဏေ ၁၁၇ ပါး၊ ပထမဆင့် (ပထမနှစ်) သာမဏေ ၁၅၇ ပါး၊ သီလရှင် ၁ ပါး၊ လူပုဂ္ဂိုလ် ၁၉ ဦး၊ ပထမဆင့် (ဒုတိယနှစ်) သာမဏေ ၆၆ ပါး၊ လူပုဂ္ဂိုလ် ၃ ဦး၊ ပထမ ဆင့်(တတိယနှစ်) သာမဏေ ၃၂ ပါး၊ ဒုတိယဆင့် (ပထမနှစ်) သာမဏေ ၁ ပါး၊ ဒုတိယဆင့် (ဒုတိယနှစ်) သာမဏေ ၃ ပါး၊ စုစုပေါင်း သာမဏေ ၃၇၁ ပါး၊ သီလရှင် ၁ ပါး၊ လူပုဂ္ဂိုလ် ၂၇ ဦးတို့မှ ဝင်ရောက်ဖြေဆိုခဲ့သည်။
Feb 14,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်းရပ်ကွက်၊ သဓမ္မာလမ်း၊ အဝိုင်းကြီးကားမှတ်တိုင်တွင်  ယနေ့  နေ့လယ် ၃ နာရီ ၁၉ မိနစ် အချိန်ခန့်က YBS မော်တော်ယာဉ်တစ်စီး အင်ဂျင်ခန်းမှ ဝါယာကြိုးများ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Feb 14,2026
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ သူနာပြုတက္ကသိုလ် (မန္တလေး)၏ ပထမနှစ် သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်) (၁၁/၂၀၂၅) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သူနာပြုတက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ ၆ ထပ်ဆောင်ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးအောင်ဇော်ဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ မန္တလေးသူနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်ဝင်းစိန်၊ ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပါမောက္ခဌာနမှူးများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
Feb 14,2026
မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတို့ ပူးပေါင်းကျင်းပသည့်​ မြန်မာ့လက်ဖက်ပွဲတော်ကို ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှ ဖေဖော်ဝါရီလ(၁၄) ရက်နေ့အထိ ရန်ကုန်မြို့ စိမ်းလန်းစိုပြေဥယျာဉ်၌ ကျင်းပလျက်ရှိသည်။
Feb 14,2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ လပွတ္တာခရိုင်နှင့် ဖျာပုံခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့သည်။
Feb 14,2026
ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် (၆)ရက်ဆက်ပိတ်ခြင်းနှင့်အတူ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရသမိုင်းဝင် ဘုရား၊ ပုထိုး၊ သာသနိက အဆောက်အအုံများတွင် ပြည်တွင်းဘုရားဖူးဧည့်သည်များ အလွန်များပြားစွာ လာရောက်လျက်ရှိကြောင်း ရွှေစည်းခုံဘုရားဘဏ္ဍာတော်ထိန်းဂေါပ ကတာဝန်ရှိသူများထံက သိရသည်။