အမြို့မြို့အနယ်နယ်သတင်းများ

Feb 15,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဈေးအားလုံးမှ ဈေးသူဈေးသားများနှင့် မြို့နေပြည်သူများမီး‌ဘေးအန္တရာယ် ကင်းဝေးပြီး အေးချမ်းစွာ ဈေးရောင်းဈေးဝယ်ခြင်းများ ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁၀ နာရီက မင်းလှမြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
Feb 15,2026
သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မျိုးဝင်းနှင့် တပ်ဖွဲ့ဝင်များက စက်သုံးဆီဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
Feb 15,2026
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီတွင် စက်သုံးဆီအရောင်းဆိုင်များကို မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Feb 15,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရွှေသိမ်တော်ဓမ္မရိပ်သာကျောင်းတိုက်ရှိ ဆရာတော် သံဃာတော်နှင့် သီလရှင်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ကြသည်။
Feb 15,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၏ ရှမ်းပြည်နယ်လုံးဆိုင်ရာ(၃၁)ကြိမ်မြောက် ပရိယတ္တိ သဒ္ဓမ္မပါလစာမေးပွဲ ပထမနေ့ ဝိနည်းဘာသာကို ဖေဖော်ဝါရီလ ၁၃ ရက် မွန်းလွဲ ၁ နာရီမှ စတင်၍ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၌ ကျင်းပဖြေဆိုကြသည်။
Feb 15,2026
ယခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီတွင် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ မန်းချောင်းရေလှောင်တမံဆည်ရေသောက် ဧရိယာများတွင် နွေစပါးနှင့်နွေသီးနှံများစိုက်ပျိုးရန်လျာထားဧက၁၇၀၃ ဧက အတွက် စတင်ပျိုးထောင်စိုက်ပျိုးနိုင်ရန် ယနေ့နံနက်ပိုင်းမှစ၍ ဆည်ရေပေးဝေလျက်ရှိကြောင်း ငဖဲမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
Feb 15,2026
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာ​စေ​ရေး၊ မျိုးဆက်သစ်အားကစားသမားများအား မွေးထုတ်ပေးနိုင်ရေး၊ ရှမ်းပြည်နယ်အတွင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ် ​ဘောလုံးပြိုင်ပွဲများတွင် အဆင့်အတန်းမြင့်မားစွာ ပါဝင်ယှဥ်ပြိုင်နိုင်စေရေးနှင့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအတွက် မျိုးဆက်သစ်လူငယ်များ စဥ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တရားဝင် ဖွဲ့စည်းထားသော တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးအဖွဲ့ချုပ်များထဲတွင် ပထမဦးဆုံး ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်နှင့် မိတ်ဖက်စပွန်ဆာများ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့ ရတနာနန်းတော်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Feb 15,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် တည်ရှိသော နာမည်ကြီး ခရီးသွားအပန်း ဖြေနေရာတစ်ခုဖြစ်သည့် ငွေဆောင်ကမ်းခြေသို့ အစိုးရရုံးပိတ်ရက်ကာလဖြစ်သော ဖေဖော်ဝါရီ ( ၁၂)၊ ပြည်ထောင်စုနေ့မှ စတင်ကာ အနယ်နယ်အရပ်ရပ်မှ ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များစွာ လာရောက်လည်ပတ်အပန်းဖြေလျက်ရှိကြောင်း သိရသည်။