ပုသိမ် ဖေဖော်ဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်နှင့် မြန်အောင်မြို့နယ်တို့ရှိ နေကြာစိုက်ခင်းများကို ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အင်္ဂပူမြို့နယ်၊ ကြို့ကုန်းကျေးရွာ၊ တောင်သူဦးရာဇာအောင်၏ စိုက်ဧက (၃) ဧကတွင်စိုက်ပျိုးထားသည့် ဆင်းရွှေကြာ (၂) ဆောင်းနေကြာစိုက်ခင်းအား ကြည့်ရှုအားပေးပြီး စနစ်တကျရိတ်သိမ်းရေး၊ စိုက်ခင်းများသို့ ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့်ရေပေးခြင်း၊ မြေသြဇာကျွေးခြင်းလုပ်ငန်းများအပြင် အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးဆောင်ရွက်စေရေးတို့အား မှာကြားခဲ့သည်။
ထို့အတူ မြန်အောင်မြို့နယ်၊ ဆင်သေကျေးရွာ၊ တောင်သူဦးအောင်ဋ္ဌေး၏ စိုက်ဧက(၃)ဧကတို့တွင် စိုက်ပျိုးထားသည့် Super Sun-41 ဆောင်းနေကြာစိုက်ခင်းတို့အား ကြည့်ရှုအားပေးပြီး စိုက်ခင်းများသို့ ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် ရေပေးခြင်း၊ မြေသြဇာကျွေးခြင်းလုပ်ငန်းများအပြင် အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးဆောင်ရွက်စေရေးတို့အား မှာကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံမြို့နယ်၊ ကြက်ဖမွေးဇောင်းကျွန်းပတ်တာ ကျုံကဒွန်း-အမာ လက်ယာမြောင်း အပိုင်း (၂) တူးဖော်ခြင်းလုပ်ငန်း အလျား ၁၂၀၀၀ ပေ၊ ထိပ်ဝအကျယ်၂၄ ပေ၊ အောက်ခြေအကျယ် ၁၂ ပေ၊ ပျှမ်းမျှအနက် ၆ ပေ တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးမှာကြားခဲ့သည်။
ဆက်လက်၍ ဖျာပုံမြို့နယ်၊ ဝါးချောင်းကျေးရွာ၂၀၂၅-၂၀၂၆ ခုနှစ်၊ နွေစပါးဆားငန်ခံစံပြကွက် (၁၅) ဧက စိုက်ခင်းအား ကြည့်ရှုအားပေးပြီး ရေချိုရရှိအောင် တူးဖော်ပေးထားပြီးဖြစ်သဖြင့် ရေငန်ဒဏ်ခံစပါးမျိုးများဖြင့် ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်ရန်၊ ရေငန်ဝင်ရောက်မှုနည်းပါးစေရေး ရေငန်တားလုပ်ငန်းများဆောင်ရွက်ပေးရန်၊ ရေငန်တားရေချိုထိန်း ရေတံခါး ဝါးချောင်းရေတံခါးနဲ့ ဖလက်ရေတံခါးကို ပြုပြင်ရန်နှင့် လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံမြို့နယ်၊ ငုတောကျေးရွာ ၂၀၂၅-၂၀၂၆ ခုနှစ်၊ နွေစပါးရက် (၉၀) ၁၅ဧကစံပြကွက်အား ကြည့်ရှုအားပေးပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာအချိုးကျ ထည့်သွင်းသုံးစွဲရေးတို့ကို မှာကြားခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)