ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Apr 18, 2024
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ဝန်ကြီးဌာနကျောက်စိမ်းခန်းမ၍ကျင်းပရာ နံတော်စဉ်ပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တကုသလအမှူးပြုသော သံဃာတော်ကိုးပါး ကြွရောက်ချီးမြှင့်တော်မူကြပြီးဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် ခင်ပွန်း၊ ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 18, 2024
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဇီဝိတဒါနစုပေါင်း ငါးလွှတ်ပွဲအခမ်းအနားကို ယနေ့ (မြန်မာနှစ်ဆန်း တစ်ရက်နေ့) နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာကန်တော်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ဇနီး၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်ဖြိုးသန့်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဇနီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ လက်ထောက်အတွင်းဝန်/ ညွှန်ကြားရေးမှူးများနှင့် ဇနီးများ၊ ဝန်ထမ်းမိသားစုများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့ ဦးဆောင်ကာ ဘေးမဲ့ငါးကောင်ရေ ၁၅၀၀ အား ဇီဝိတဒါနအဖြစ် မင်္ဂလာကန်တော်အတွင်းသို့ ကုသိုလ်ပြုလွှတ်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 18, 2024
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် တန်ခူးလဆန်း ၉ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဧပြီ ၁၇ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနမိသားစု၏ မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲအခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်ဇနီး၊ ဒုတိယဝန်ကြီးဦးလွင်ဦးနှင့် ဇနီး၊ ဦးစီးဌာနအကြီးအကဲများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 18, 2024
ပြည်ထဲရေးဝန်ကြီးဌာနမိသားစု၏ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့နံနက် ၇ နာရီခွဲက နေပြည်တော်ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ပျဉ်းမနား-တောင်ညိုလမ်းနှင့် ဇမ္ဗူကျက်သရေလမ်းထောင့်ရှိ မင်္ဂလာကန်တော်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 17, 2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ သို့ ကူးပြောင်းသည့် မဟာသင်္ကြန်ပွဲတော်ကို ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများသည် မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ သင်္ကြန်အတက်နေ့ဖြစ်သည့် ယနေ့နံနက် ၁၀ နာရီမှစတင်၍ နေပြည်တော် ရုံးအမှတ် (၃၈)ရှိ ပြည်ထဲရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ ဆက်လက်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 17, 2024
နေပြည်တော်လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာလမ်းဆုံအထိ ကျင်းပလျက်ရှိသည့် နေပြည်တော်လမ်းလျှောက် သင်္ကြန်ဧရိယာအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်လွတ်လပ်စွာ အတာရေသဘင်ပွဲတော် ပါဝင်ဆင်နွှဲနေမှုကို ကြည့်ရှုအားပေးပြီး ဝန်ကြီးဌာန ရေကစားမဏ္ဍပ်များ၌ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများနှင့်အတူ မြန်မာ့ရိုးရာအတာသင်္ကြန်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 17, 2024
နေပြည်တော်လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာလမ်းဆုံအထိ ကျင်းပလျက်ရှိသည့် နေပြည်တော်လမ်းလျှောက် သင်္ကြန်ဧရိယာအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်လွတ်လပ်စွာ အတာရေသဘင်ပွဲတော် ပါဝင်ဆင်နွှဲနေမှုကို ကြည့်ရှုအားပေးပြီး ဝန်ကြီးဌာန ရေကစားမဏ္ဍပ်များ၌ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများနှင့်အတူ မြန်မာ့ရိုးရာအတာသင်္ကြန်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 16, 2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ကူးပြောင်းမည့် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာအတာသင်္ကြန်ပွဲတော်ကို နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ နေပြည်တော်လမ်းလျှောက်သင်္ကြန်၌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ရေကစားမဏ္ဍပ်ဖြင့် ဝန်ကြီးဌာနဝန်ထမ်းမိသားစုများ ယိမ်းအကအဖွဲ့များက ကပြဖျော်ဖြေခြင်း၊ ရေကစားခြင်း၊ စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲလျက်ရှိပြီး သင်္ကြန်အကြတ်နေ့ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့်ခင်ပွန်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုးနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ အရာရှိကြီးများနှင့် ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များက အတာရေသဘင်ပွဲကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 14, 2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ကူးပြောင်းသည့် မဟာသင်္ကြန်ပွဲတော်တွင် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများသည် မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရုံးအမှတ် (၃၈)ရှိ ပြည်ထဲရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်ဇနီး၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့်ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့် ဇနီး၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ ယိမ်းအကအဖွဲ့ များနှင့် Dancer အကအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 13, 2024
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် လမ်းလျှောက်သင်္ကြန်၌ ပါဝင်ဆင်နွှဲရန် ဝန်ကြီးဌာနမဏ္ဍပ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 13, 2024
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အကြိုအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 13, 2024
ဥပဒေရေးရာဝန်ကြီးဌာန နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများ၏ ၂၀၂၄ ခုနှစ် မဟာသင်္ကြန်အကြို စတုဒိသာကျွေးမွေးခြင်းနှင့် ပျော်ပွဲရွှင်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ဥပဒေရေးရာဝန်ကြီးရုံးရှေ့၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 13, 2024
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်းတို့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည့် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြိုပွဲသို့ တက်ရောက်၍ ဝန်ထမ်းများ၏ သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ ဝန်ထမ်းများအတွက် နှစ်သစ်ကူးကံစမ်းမဲများ ဖောက်ပေးပြီး မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြိုပွဲကို အတာရေစင်များ ပက်ဖျန်း၍ ပျော်ရွှင်စွာ ဆင်နွှဲကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 13, 2024
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆေးဝါးများ၊ ဆေးဝတ်၊ ဆေးပတ်တီးများနှင့် ဆေးရုံသုံးပရိဘောဂပစ္စည်းများ ထုတ်လုပ်ရောင်းချမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းနှင့် ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအေးထွန်း၊ ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများအသင်းနှင့် ဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 12, 2024
နေပြည်တော် လမ်းလျှောက်သင်္ကြန်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနား - တောင်ညိုလမ်းပေါ်ရှိ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာလမ်းဆုံ ဧရိယာအထိ ကျင်းပမည့် နေပြည်တော်လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားအတွက် အစမ်းလေ့ကျင့် ဆောင်ရွက်နေမှုနှင့် ဇုန်များအလိုက် ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 11, 2024
အလုပ်သမားဝန်ကြီးဌာနကိုယ်စားပြု ယိမ်းအဖွဲ့၏ ဝတ်စုံပြည့် ကပြဖျော်ဖြေခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အလုပ်သမားဝန်ကြီးဌာနစုပေါင်းခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 11, 2024
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဥရောပအာရှ စီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင် အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး H.E. Mr. Sergei GLAZEV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 11, 2024
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက်ပိုင်းတွင် ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး H.E. Mr. Sergei GLAZEV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ- ၁ ၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 11, 2024
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အေဂျင်စီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 11, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၏ (၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်