May 04, 2024
ဝါစိုက်ပျိုးထုတ်လုပ်မှုမှ အထည်အလိပ်များ ထုတ်လုပ်သည်အထိ တန်ဖိုးမြှင့်ကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းအစီအမံဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အထွေထွေမန်နေဂျာများ၊ ဆက်စပ်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 04, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ တိရစ္ဆာန်ဆေးကုသိပ္ပံနှင့် ဒီပလိုမာ (၁) နှစ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ တိရစ္ဆာန်ဆေးကုသိပ္ပံကျောင်းဝင်း၌ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေး ပညာကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆရာဝန်များအသင်းဥက္ကဋ္ဌ၊ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများ၊ တိရစ္ဆာန်ဆေးကုသိပ္ပံကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 04, 2024
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) အမှတ်စဉ် (၅၄) အဖြစ် တရုတ်နိုင်ငံ ပေကျင်းမြို့ Academy for International Business Officials (AIBO) တွင် ကျင်းပပြုလုပ်ခဲ့သည့် “မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်စေရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အတွေ့အကြုံမျှဝေခြင်းဆိုင်ရာ ဆွေးနွေးပွဲ” ကို ယနေ့မွန်းလွဲပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 04, 2024
မြန်မာနှင့်ထိုင်း လေတပ်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော တပ်မတော် (လေ) ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ၏ ဖိတ်ကြားချက်အရ ဧပြီ ၃၀ ရက် ညပိုင်းတွင် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံလေတပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 04, 2024
မြန်မာနှင့်ထိုင်း လေတပ်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော တပ်မတော် (လေ) ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ၏ ဖိတ်ကြားချက်အရ ဧပြီ ၃၀ ရက် ညပိုင်းတွင် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံလေတပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 03, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov နှင့်အဖွဲ့ကို နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 03, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်မဟာနာယက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မစိုးရိမ်တိုက်သစ် မဟာနာယကအဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေသရာဘိဝံသတို့ကို သွားရောက်ဖူးမြော်ကြည်ညိုပြီး ဥပ္ပါတသန္တိကျမ်းစာအုပ်များ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေတို့ကို ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 03, 2024
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov အား နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 03, 2024
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 02, 2024
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတီဘုရားများတွင် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) များ တပ်ဆင်မည့်အခြေအနေ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့တော်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 02, 2024
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်နှင့် အင်ဒိုနီးရှားနိုင်ငံခရီးသွားလုပ်ငန်းနှင့် တီထွင်ဖန်တီးမှုရှိသော စီးပွားရေးရာဝန်ကြီးဌာနဝန်ကြီးတို့၏ ဖိတ်ကြားချက်အရ အင်ဒိုနီးရှားနိုင်ငံ Nusa Dua Bali ရှိ Bali International Convention Center (BICC) ၌ မေ ၂ ရက် မှ ၄ ရက်အထိကျင်းပမည့် အာရှနှင့်ပစိဖိတ်ဒေသခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဒုတိယအကြိမ်ကွန်ဖရင့်သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့မှအင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့သို့ထွက်ခွာသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 02, 2024
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ပြည်ဝင်/ပြည်ပြန်ဝင်နှင့် နေခွင့်ပြုခြင်းဆိုင်ရာဌာနခွဲရုံးခန်းသို့ ရောက်ရှိစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 02, 2024
မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း၏ (၂၀၂၄) ခုနှစ် သင်းလုံးကျွတ် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Virtual စနစ်ဖြင့် ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးဒေါက်တာအေးထွန်း၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ အဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ၊ မြန်မာနိုင်ငံ ဆေးပညာရှင်များအဖွဲ့တို့မှ ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းဝင် ဆေးရုံများမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 02, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် ၂၀၂၄ ခုနှစ် မေ ၅ ရက်တွင် ကျရောက်မည့် (၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀) တွင် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းနှင့် ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 01, 2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် လူမှုဝန်ထမ်းရုံးနှင့် သန်လျင်လူငယ်သင်တန်းကျောင်းများသို့ သွားရောက်စစ်ဆေးရာ လူမှုဝန်ထမ်းဦးစီးဌာန တောင်ပိုင်းခရိုင်ဦးစီးမှူးနှင့် လူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ်တို့က လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 01, 2024
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန မြို့နယ်ရုံး အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားနှင့် လူမှုဖူလုံရေး-ကောင်းဇေ အထွေထွေရောဂါကုဆေးခန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
အခြေခံပညာ Grade-12 နှင့် အဆင့်မြင့်ပညာ (တက္ကသိုလ်) သင်ရိုးများ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
May 01, 2024
အခြေခံပညာ Grade-12 နှင့် အဆင့်မြင့်ပညာ (တက္ကသိုလ်) သင်ရိုးများ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ဆက်စပ်ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 01, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 01, 2024
ပြည်တွင်းစားသုံးဆီ ဖူလုံစေရန်အတွက် ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဦးရင်မောင်ညွန့်၊ ပါမောက္ခဒေါက်တာအေးထွန်း၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပြည်နယ်/ တိုင်းဒေသကြီးများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့ရှိ MSME Agency မှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ၊ ဆီစက်လုပ်ငန်းရှင်များနှင့် စက်မှုဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
May 01, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စတာ အဘ်ဟေးတာကူးရ်အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်