Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၁၁

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ ဗဟိုလေ့ကျင့်ရေးကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာအချက်အလက်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် Japan Myanmar Association (JMA) တို့ ပူးပေါင်းဖွင့်လှစ်မည့် သင်တန်းများအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု၊ စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားကာ သင်တန်းများအတွက် ကြိုတင်ပြင်ဆင်ထားရှိသည့် စာသင်ခန်းများ၊ အိပ်ဆောင်များ၊ စားရိပ်သာများနှင့် စိုက်ပျိုး မွေးမြူရေးဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ပရဟိတ (ကျားကျောင်း) နေရာဟောင်းရှိ ဗဟိုလေ့ကျင့်ရေးကျောင်းခွဲသို့ ရောက်ရှိ၍ သင်တန်းများတိုးချဲ့ဖွင့်လှစ်နိုင်ရေးပြင်ဆင်ထားရှိရမည့်ကိစ္စရပ်များကို  မှာကြားပြီး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန် (၃) အတွင်း ငါးမွေးမြူရေးကန်များ ဆောင်ရွက်ထားရှိသည့်အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဥစားကြက်မွေးမြူရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်