Skip to main content

May 14, 2025

၂၀၂၅ ခုနှစ် ဇွန်လအတွင်း ပြန်လည်ကျင်းပစစ်ဆေးသွားမည့် ၂၀၂၄ - ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ဝန်ထမ်းသား၊ သမီး Grade-12 ကျောင်းသား ကျောင်းသူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်-၃ ၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

May 14, 2025

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မြန်မာနိုင်ငံဆိုင်ရာ UNESCO ဌာနေကိုယ်စားလှယ် Mr.Ichiro Miyazawa အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

May 14, 2025

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရန်အတွက် Prefabricated House များ ဆောက်လုပ်မည့်နေရာများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

May 13, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားစာပေသင်ကြားရေးနှင့် စာပေသင်ကြားရေး အထောက်အကူပြုဝန်ထမ်းများ ခန့်ထားရေးကိစ္စရပ်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

May 13, 2025

၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အများပြည်သူများ ဈေးနှုန်းမှန်ကန်စွာနှင့် အရည်အသွေးပြည့်မီစွာဝယ်ယူနိုင်ရန် ရည်ရွယ်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေးခြင်းအစီအစဉ်ကို မေ ၁၂ ရက်မှ ၁၈ ရက်အထိ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်တပေါင်းကွင်း၌ ကျင်းပလျက်ရှိရာ ယနေ့တွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးတို့ လှည့်လည်ကြည့်ရှုအားပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

May 13, 2025

တိရစ္ဆာန်ဆေးကုသိပ္ပံဒီပလိုမာတစ်နှစ်သင်တန်း အမှတ်စဉ် (၁) ၏ ဒီပလိုမာလက်မှတ်၊ ထူးချွန်ဆုနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်ခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

May 13, 2025

စက်မှုကျွမ်းကျင်တစ်နှစ်သင်တန်း အမှတ်စဉ် (၁၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ အမှတ် (၅) စက်မှုသင်တန်းကျောင်း (မကွေး) ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

May 13, 2025

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနမော်တော်ယာဉ်ရပ်နားကွင်းရှိ ယာယီလူနေအိမ်ရာများတွင် နေထိုင်လျက်ရှိသော ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ရင်းနှီးစွာတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး အဋ္ဌမအကြိမ်မြောက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

May 13, 2025

ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းများ နေထိုင်နိုင်ရန် Container House များ နေရာချထားမည့်မြေနေရာ၊ Prefabri-cated Office များ တပ်ဆင်နေမှုနှင့် တည်ဆောက်ထားသည့် ယာယီအဆောင်များ၌ ဝန်ထမ်းများ နေထိုင်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ယနေ့နံနက်ပိုင်းတွင် ယာယီရှင်းလင်းဆောင်၌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်က ရှင်းလင်းတင်ပြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

May 13, 2025

မန္တလေးငလျင်ဘေးခံစားခဲ့ရသည့် မသန်စွမ်းသူများအား ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ နေပြည်တော်ကောင်စီ ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် ဒုတိယဥက္ကဋ္ဌ (၁)၊ နေပြည်တော်မသန်စွမ်းသူများ အသင်းဥက္ကဋ္ဌနှင့် မသန်စွမ်းသူကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်