ဖွံ့ဖြိုးတိုးတက်လာသောနိုင်ငံများသည် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မတူကွဲပြားမှုများကို သီးခြားထားပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာအောင် တက်ညီလက်ညီ ဝိုင်းဝန်းလက်တွဲဆောင်ရွက်ခဲ့ကြသည်။ မိမိတို့၏ခံယူချက်၊ ရည်ရွယ်ချက်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ယုတ်လျော့ပျက်စီးစေနိုင်သည့် အဖျက်လုပ်ရပ်များကို ရှောင်ရှားကြသည်။ ထို့ကြောင့် နိုင်ငံများသည် အချိန်တိုကာလအတွင်း အလျင်အမြန်တိုးတက်လာကြသည်။
စည်းလုံးညီညွတ်မှုဖြင့် တိုးတက်မှုဖော်ဆောင်
(၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS – 2023)ကို ရုရှားနိုင်ငံ မော်စကိုမြို့၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် Video Message ပေးပို့၍ ပါဝင်တက်ရောက်ခဲ့ပြီး “အာရှ-ပစိဖိတ်ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက်အရေးပါသော အာဆီယံအဖွဲ့၏ စည်းလုံးညီညွတ်မှု”နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
မူးယစ်ဆေးဝါးကင်းစင်ရေး လက်တွဲကြိုးပမ်း
(၈)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကို ဩဂုတ်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟို အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ထေရဝါဒဗုဒ္ဓသာသနာ ထွန်းလင်းတောက်ပ
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် သဲဖြူကုန်းတော်မြေနေရာတွင် ကိန်းဝပ်စံပယ်တော်မူသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီများ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချ မင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဒုတိယ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့)၊ ခရစ်နှစ် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံတော်အဆင့် စည်ကားခမ်းနားစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။