Skip to main content

အွန်လိုင်းလောင်းကစားမှုများနှင့် ငွေလိမ်မှုများ ဖော်ထုတ်နှိမ်နင်းရေး

အရှေ့တောင်အာရှဒေသနိုင်ငံများတွင် အခြေစိုက်၍ အွန်လိုင်းရာဇဝတ်မှုခင်းများ မြင့်တက်နေခြင်းအပေါ် ကမ္ဘာကစိတ်ဝင်စားနေခြင်းနှင့် တစ်ပြိုင်တည်းမှာပင် အဆိုပါဂိုဏ်းများကို ဒေသတွင်းနိုင်ငံအသီးသီးတို့က ဖော်ထုတ်နှိမ်နင်းလျက်ရှိသည့် သတင်းများကိုလည်း တွေ့ရှိရသည်။ ကုမ္ပဏီများအဖြစ် အမည်ခံထားသည့် အွန်လိုင်းလောင်းကစားနှင့် ငွေလိမ်ဂိုဏ်းများတွင် နိုင်ငံအများအပြားမှလူငယ်များကို လစာကောင်းကောင်းနှင့်အလုပ်ရမည်ဟု လိမ်လည်ခေါ်ယူပြီး ၎င်းတို့၏ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကိုလုပ်ကိုင်ရန် အတင်းအကျပ် ဖိအားပေးခိုင်းစေနေကြောင်းလည်း သိရသည်။

ကျေးရွာအလိုက်၊ ဒေသအလိုက် ကုန်ထုတ်လုပ်မှုများ တိုးတက်ရေး

ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village One Product)၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) ဟူသော အစီအစဉ်များက ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကျေးလက် ဒေသများဖွံ့ဖြိုးရေး၊ ဒေသအလိုက် အဓိကထုတ်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဦးတည်ဆောင်ရွက် နေခြင်းဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်များအပါအဝင် ဒေသထွက်ကုန်ကြမ်းများကို အခြေခံ၍ ကုန်ထုတ်လုပ်မှု တိုးတက်စေရန် ရည်ရွယ်ရင်းဖြစ်သည်။

အစွမ်းထက်ဆေးဝါးများ ထုတ်လုပ်နိုင်ရေး ဆေးဝါးသုတေသနများ ပိုမိုဆောင်ရွက်

​​​​​​​ဘီပီအိုင်ဟုဆိုလျှင် မြန်မာနိုင်ငံထုတ် အာနိသင်ထက်မြက်သော ဆေးဝါးများ၏ အမှတ်တံဆိပ်ဖြစ်သည်ဟူ၍ မြန်မာနိုင်ငံသားတိုင်း သိကြသည်။ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်စသည့် ပတ်ဝန်းကျင် နိုင်ငံများမှ တင်သွင်းလာသည့် အလားတူ ဆေးဝါးများနှင့်ယှဉ်လျှင် ဘီပီအိုင်မှထုတ်သည့် ဆေးများက အာနိသင်ပိုမိုကောင်းမွန်သလို စျေးနှုန်းကလည်း ပိုမိုမြင့်မားနေတတ်သည်ကို စျေးကွက်တွင် တွေ့ရသည်။

နိုင်ငံ့စီးပွား မြင့်မားတိုးတက်ဖို့ ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင်စို့

နိုင်ငံကုန်ထုတ်လုပ်မှုမြှင့်တင်ရေး အစည်းအဝေးကို ဇူလိုင် ၁၅ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၌ ကျင်းပရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင် အဓိကကျသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များကိုဖိတ်ခေါ်၍ အစည်းအဝေး တက်ရောက်စေခဲ့သည်။ နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များသည် လူဦးရေအရ များပြားသည့်၊ အဓိကသီးနှံများ စိုက်ပျိုးထုတ်လုပ်သည့်၊ မွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများတွင် အားအကောင်းဆုံးသော ဒေသများဖြစ်ကြသည်။

လူကုန်ကူးမှုအန္တရာယ် သတိထားရှောင်ရှား တွေ့မြင်ကြားသိပါကလည်း လျင်မြန်စွာသတင်းပို့

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရ ပြစ်မှုထင်ရှားသဖြင့် တရားခံအား အလုပ်နှင့် ထောင်ဒဏ်ချမှတ်သည့်် သတင်းများ မကြာခဏဆိုသလို တွေ့ရှိနိုင်သည်။ လူကုန်ကူးမှု ကျူးလွန်သူ တို့၏ လိမ်လည်လှည့်ဖြားသည့် သဘောသဘာဝများ၊ အကျိုးအမြတ် ခေါင်းပုံဖြတ်မှုများနှင့် ပြစ်ဒဏ် ကျခံရမှုများကို အဆိုပါသတင်းများတွင် တွေ့ရှိပြီး သင်ခန်းစာများ ရယူနိုင်သည်။

အနာဂတ်လူ့ဘောင်ကို ဖန်တီးကြရမည့်မျိုးဆက်များ

လူငယ်ဟူသည် အနာဂတ်လူ့ဘောင်ကို ပိုင်စိုးကြသူများ၊ အနာဂတ်လူ့ဘောင်ကို ဖန်တီးတည်ဆောက်ကြမည့် နိုင်ငံ၏အရင်းအမြစ်များဖြစ်ကြသည်။ လူငယ်များကို မှန်ကန်စွာလေ့ကျင့် ပျိုးထောင်ပေးခြင်းဖြင့်  ဖြစ်ထွန်းလာမည့်  တန်ဖိုးမြင့်လူ့စွမ်းအား အရင်းအမြစ်များဖြင့်သာ အနာဂတ်နိုင်ငံတော်ကို မြင့်မားအောင် တည်ဆောက်နိုင်မည်ဖြစ်သည်။ စိတ်ဓာတ်မြင့်မားသူ၊ အတွေးအခေါ်မှန်ကန်သူ၊ ရိုးသားဖြောင့်မတ်သူ၊ စွမ်းရည်ပြည့်စုံသူ လူငယ်များဖြင့်သာ နိုင်ငံကိုကောင်းအောင် တည်ဆောက်သွားနိုင် မည်ဖြစ်သည့်အလျောက်လူငယ်များကို ဗလငါးတန်နှင့် ပြည့်စုံအောင် လေ့ကျင့်ပျိုးထောင်သွားကြရမည်ဖြစ်သည်။

နိုင်ငံသားကောင်းတာဝန်

​​​​​​​ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် ယင်းနိုင်ငံ၏ နိုင်ငံသားများ အရည်အသွေးမြင့်ရန် အရေးကြီးသည်။ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်၌ ပါဝင်သော နိုင်ငံသားများ စိတ်ဓာတ်အဆင့် အတန်းမြင့်မား၊ လုံ့လဝီရိယ၊ ဉာဏ်အမြော်အမြင်တို့ ပြည့်စုံ သည်နှင့်အမျှ နိုင်ငံတော်ကိုလည်း ကောင်းသည်ထက် ကောင်းအောင် တည်ဆောက်နိုင်ကြမည်ဖြစ်သည်။ ထို့အပြင် အရည်အသွေးမြင့်မားသော နိုင်ငံသားများကသာ ဒီမိုကရေစီ လူ့ဘောင်ကို တည်ဆောက်ရေးအတွက် လိုအပ်သော အရည်အချင်းပြည့်ဝသည့် ပြည်သူ့ကိုယ်စားလှယ်မျိုးကို မှန်မှန် ကန်ကန်ရွေးချယ်နိုင်ကြမည်လည်း ဖြစ်သည်။

ဆန္ဒကြီးခြင်းဖြင့် ကြံသမျှပြီးရမည်

လွတ်လပ်ရေးသက်တမ်း ၇၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သော နိုင်ငံမှ နိုင်ငံသူ နိုင်ငံသားများ အားလုံးတို့မှာ လွတ်လပ်ရေး၏ အရသာကို အပြည့်အဝခံစားနိုင်ခွင့် ရှိသင့်ကြပြီဖြစ်သည်။ နိုင်ငံသားတို့၏ မူလအခွင့်အရေးများကို ဥပဒေဖြင့်ပြဋ္ဌာန်း၍ ပေးအပ်နိုင်စေကာမူ နေ့စဉ် လူမှုဘဝအတွက် လိုအပ်ချက်များ ပြည့်စုံဖူလုံစေရေး၊ တစ်နည်းအားဖြင့် တောင့်တမှုမှ ကင်းဝေးနိုင်ရေးအတွက် ဆိုလျှင်မူ လက်တွေ့ကျကျဆောင်ရွက်မှသာ ရရှိနိုင်မည် ဖြစ်သည်။

အကြမ်းဖက်လုပ်ရပ် အမြစ်ဖြတ်ရှင်းလင်း

ပန်းဆိုးတန်း - ဒလ ကူးတို့ရေယာဉ် ချယ်ရီ (၂)ကို PDF အကြမ်းဖက်တို့ မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ ခရီးသွား ၁၇ ဦးတို့ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်က အကြမ်းဖက်သမားတို့၏ ရက်စက်ယုတ်မာမှုနှင့် အသိဉာဏ် နိမ့်ကျမှုတို့ကို နောက်ထပ် သက်သေပြလိုက်ခြင်းပင်ဖြစ်သည်။ ပြည်တွင်းရေကြောင်းပိုင် အဆိုပါ ကူးတို့ရေယာဉ်များသည် ရန်ကုန်မြစ်တစ်ဖက်ကမ်းတွင် နေထိုင်ကြသော ပြည်သူလူထု နေ့စဉ်နှင့်အမျှ ကူးသန်းသွားလာကြရာတွင် အဓိကမှီခို အားထားကြရသော ရေယာဉ်များဖြစ်သည်။ ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း အစရှိသည့် ဒေသများမှ ပြည်သူများ၊ ရုံးသူ ရုံးသား ဝန်ထမ်းများ၊ ကျောင်းသူ ကျောင်းသားများ၊ ဈေးရောင်း ဈေးဝယ်၊ ခေါင်းရွက် ဗျပ်ထိုးများ၊ ရဟန်းရှင်လူ ခရီးသည်များနှင့် ပြည့်နှက်နေလေ့ရှိသည့် ရေယာဉ်ကို လက်လုပ်မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်သူတို့၏ တော်လှန်ရေးအတွေးအခေါ်မှာ အံ့ဩဖွယ်ရာဟုပင် ဆိုရမည် ဖြစ်သည်။

လူသားအရင်းအမြစ် ပျိုးထောင်ရာတွင် ကျေးလက်ပညာရေးကို အားဖြည့်မြှင့်တင်

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လူသားအရင်းအမြစ် (Humen Resources)က အရေးအပါဆုံးဖြစ်သည်ကို ပညာရှင်အားလုံးက လက်ခံထားကြပြီးဖြစ်သည်။ အနာဂတ်ကာလ နိုင်ငံတည်ဆောက်ရေးအတွက် စဉ်ဆက်မပြတ်ဖော်ဆောင်နိုင်ရန် ပစ္စုပ္ပန်ကာလတွင် ပညာရေး၌ ရင်းနှီးမြှုပ်နှံမှုကို အဓိကထား၍ ပြုလုပ်ကာ လူသားအရင်းအမြစ်ကို ပြုစုပျိုးထောင်ကြရသည်။
Subscribe to "မြန်မာ့အလင်း,အယ်ဒီတာ့အယ်ဘော်