ဆီထွက်သီးနှံနေကြာကို လျာထားချက်ပြည့်မီကျော်လွန်အောင် စိုက်ပျိုးရေး၊ တိုးချဲ့စိုက်ပျိုးနိုင်ရေးတို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ကြိုးပမ်းလျက်ရှိကြသည်။ မြန်မာနိုင်ငံတွင် ဆန်နှင့်ဆီသည် အဓိကအစားအစာများဖြစ်ရာ ဆန်သည် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှု ဖူလုံသော်လည်းဆီမှာ မဖူလုံသည့်အတွက် ပြည်ပမှနှစ်စဉ် အမေရိကန်ဒေါ်လာ သန်းနှင့်ချီ၍ ဝယ်ယူစားသုံးနေကြရသည်။ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်နှုန်းကောင်းမွန်ပြီး ကျန်းမာရေးအတွက်လည်း အထောက်အကူ ပြုသည့် နေကြာသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန် နိုင်ငံတော်က တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။
နိုင်ငံဘက်စုံဖွံ့ဖြိုးဖို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့
၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ကိုလိုနီနယ်ချဲ့ လက်အောက်သို့ ကျရောက်သွားခဲ့ရပြီးနောက် မြန်မာတိုင်းရင်းသားတို့၏ ခုခံတော်လှန်မှုများ ဒေသအနှံ့အပြားတွင် ပေါ်ထွက်လာခဲ့ရာ နယ်ချဲ့ဗြိတိသျှအစိုးရသည် စစ်စရိတ်ပမာဏကြီးမားစွာ အသုံးပြုလျက် ဆယ်စုနှစ်နှင့်ချီ၍ ဆက်လက်တိုက်ခိုက်ခဲ့ရသည်။ ၎င်းတို့၏ ရက်ရက်စက်စက် ပြင်းပြင်းထန်ထန်နှိပ်ကွပ် မှုများကြောင့် ခုခံတွန်းလှန်မှုများ တစ်စတစ်စလျော့နည်း သွားခဲ့သော်လည်း နယ်ချဲ့ဆန့်ကျင်ရေးအတွက် ပြန်လည် အားမွေးနေခဲ့ခြင်းသာ ဖြစ်သည်။