၂ဝ၂၄ ခုနှစ် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေးကို ၂ဝ၂၅ ခုနှစ်၊ မေလ ၁၃ ရက် နံနက် ၁၀ : ၀၀ နာရီမှ ၁၁ : ၀၀ နာရီအထိလည်းကောင်း၊ နံနက် ၁၁ : ၀၀ နာရီမှ မွန်းတည့် ၁၂ : ၀၀ နာရီအထိလည်းကောင်း ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင်၂ဝ၂၄ ခုနှစ် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေးအတွက် စိစစ်ရွေးချယ်ရေးအဖွဲ့ဝင် များက ဆွေးနွေး ကြကြောင်း သိရသည်။
၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၄ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေ ဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင် သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
“အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဟူသော စာပေဗိမာန်၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားများ အသိပညာတိုးပွားစေရန်နှင့် မြန်မာစာပေဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေရန် ပြန်ကြားရေး ဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအောက်ရှိ “စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်” ကို အမှတ် ၅၂၉/၅၃၁၊ ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသ ကြီး၊ စာပေဗိမာန်အဆောက်အအုံ (ပထမထပ်) ၌ ဖွင့်လှစ်ထားပါသည်။
၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၅ ခုနှစ်၊ ဧပြီလ၊ အတွဲ(၅၂)၊ အမှတ်(၄) ကို ထုတ်ဝေ လိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းတွင်ပါဝင်သော စာမူများကို လည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။
စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ဝတ္ထုရှည် ပထမဆုရရှိသည့် စာရေးသူ ညိမ်းညို၏ ‘စာမျက်နှာတချို့’ စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်သည် မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်စာအုပ်များကို နှစ်စဉ်ပြုစုထုတ်ဝေလျက်ရှိရာ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၅) ပြုစုထုတ်ဝေနိုင်ရေးအတွက် မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ အစည်းအဝေးကို ၂၀-၃-၂၀၂၅ (ကြာသပတေးနေ့) မွန်းလွဲ ၂ : ၀၀ နာရီတွင် စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၄ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူ၊ ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
Copyright © 2026. All rights reserved