စာပေဖွံ့ဖြိုးရေး

၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်တွင် စာအုပ် (၂၁) မျိုး ထပ်မံရရှိ

၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၄ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူ၊ ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

(၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆု အထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့အား အခမ်းအနား တက်ရောက်လာကြသူများက ကြိုဆိုနှုတ်ဆက်ကြပြီးနောက် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။

(၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆု အထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကျင်းပ

(၇၅) ကြိမ်မြောက် စိန်ရတု အမျိုးသားစာပေဆု အထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက် တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ စာပေဆုများ ပေးအပ်ချီးမြှင့်သည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး၏ စုပေါင်း မဟာဘုံကထိန်ပွဲ အခမ်းအနားကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး၏ စုပေါင်း မဟာဘုံကထိန်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ  ၁၄ ရက် နံနက် ၁၀ : ၀၀ နာရီတွင်  ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားကို အစီအစဉ် (၆) ရပ်ဖြင့် ကျင်းပခဲ့ပါသည်။ 

1-330

စာပေဗိမာန်နှင့် Myanmar Technology Gateway Co., Ltd တို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း

ယနေ့မျက်မှောက်ခေတ်ကာလတွင် ကမ္ဘာကြီးသည် နည်းပညာအရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိ ရာ ကလေးလူငယ် လူငယ်လူရွယ်များကို Mobile Smart Phone များနှင့် Apple App Store ၊ Google Play Store တို့တွင် သင့်လျော်သော အခကြေးငွေဖြင့် ရွှေသွေးဂျာနယ်ကို အလွယ်တကူ ဝင်ရောက်ဖတ်ရှု နိုင်စေရန်

အမျိုးသားစာပေဆု ၇၅ ကြိမ်မြောက် စိန်ရတုအထိမ်းအမှတ် စာပေစကားဝိုင်းကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်၊ စာဆိုတော်နေ့တွင် ကျရောက်မည့် အမျိုးသားစာပေဆု ဆုနှင်းသဘင်ကျင်းပခြင်း (၇၅) ကြိမ်မြောက် စိန်ရတုကို ကြိုဆိုသောအားဖြင့် “အမျိုးသားစာပေဆု (၇၅) ကြိမ်မြောက် စိန်ရတုအကြို စာပေစကားဝိုင်း” ကို ၈-၁၁-၂၀၂၄ (သောကြာနေ့) နံနက် ၁၁ : ၀၀ နာရီတွင် စာပေဗိမာန်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်(၂၀၂၅) ပြုစုထုတ်ဝေရေးအတွက် မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်သည် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်စာအုပ်များကို နှစ်စဉ်ပြုစုထုတ်ဝေလျက်ရှိရာ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၅) ပြုစုထုတ်ဝေနိုင်ရေးအတွက် မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ အစည်းအဝေးကို ၇-၁၁-၂၀၂၄ (ကြာသပတေးနေ့) မွန်းလွဲ ၂ : ၀၀ နာရီတွင် စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်နှင့် စာပေဆုရွေးချယ်ရေးဆိုင်ရာ ပညာရှင်များ စာပေဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်နှင့် စာပေဆုရွေးချယ်ရေးဆိုင်ရာ ပညာရှင်များသည် စာပေဆိုင်ရာဆွေးနွေးပွဲကို ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက် တနင်္လာနေ့    နံနက် ၁၀ : ၀၀ နာရီတွင် ရန်ကုန်မြို့  သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင်      စာပေဆုရွေးချယ်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး နံနက် ၁၁ : ၀၀ တွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ကြီး (အတည်ပြုအဆင့်) အစည်းအဝေး ကျင်းပ

၂ဝ၂၃ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ကြီး (အတည်ပြုအဆင့်) အစည်းအဝေး ကို ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် နံနက် ၁၁ : ၃၀ နာရီမှ မွန်းလွဲ ၁၂ : ၃၀ နာရီအထိ ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ၂ဝ၂၃ ခုနှစ် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ဘာသာရပ် ဆိုင်ရာစာမူများမှ အတည်ပြုအဆင့် ရွေးချယ်ထားမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးကြကြောင်းသိရသည်။

၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေဆုအဖွဲ့ကြီး (အတည်ပြုအဆင့်) စိစစ်ရွေးချယ်ရေး ညှိနှိုင်း အစည်းအဝေး ကျင်းပ

၂၀၂၃ ခုနှစ် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာ အဖွဲ့ကြီး  (အတည်ပြုအဆင့်) အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ  ၂၅ ရက် နံနက် ၁၁ : ၀၀ နာရီမှ မွန်းတည့် ၁၂ : ၀ဝ နာရီအထိ ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ၂၀၂၃ ခုနှစ် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေးအတွက် စာအုပ်များမှ အတည်ပြု အဆင့် ရွေးချယ်ထားမှုအခြေအနေကို စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။

အကြံပြုစာ/တိုင်ကြားစာ