၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၃) ရက် တွင် စာအုပ် (၁၁၃) အုပ် ထပ်မံရရှိ

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၉ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

ဘာသာပြန်ဌာနစု

ဘာသာပြန်ဌာနစုကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ဘာသာပြန်ဌာနစုအနေဖြင့် အောက်ပါစာအုပ်များကို ထုတ်ဝေနိုင်ခဲ့ပါသည်-

          (က)     အင်ဒိုနီးရှားနိုင်ငံ၏ မီဒီယာဝါဒ ပုံဖော်မှုစနစ်နှင့် တောင်ကိုရီးယားနိုင်ငံ၏ အသွင် ကူးပြောင်းခြင်းနှင့် မီဒီယာကဏ္ဍစာအုပ်တို့ကို ဌာနတွင်းသုံးစာအုပ်အဖြစ် ထုတ်ဝေခဲ့ခြင်း

            (ခ)       ဟီလာရီကလင်တန်၏ ခေါင်းဆောင်မှုလျှို့ဝှက်ချက်များ (ဆရာဇင်သန့်)

            (ဂ)       နိုင်ငံသားဖြစ်ခြင်း၏တန်ဖိုး (ဒေါ်ယဉ်မင်းထွေး-စာတည်း)

Subscribe to

အကြံပြုစာ/တိုင်ကြားစာ