“ကေ (တောင်တန်းပြာ)” ရေးသားသည့် “သစ္စာရင်နှင့် ခြားခဲ့ရသောမြေ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“ကေ (တောင်တန်းပြာ)” ရေးသားသည့် “သစ္စာရင်နှင့် ခြားခဲ့ရသောမြေ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် ၂ဝ၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဝတ္ထုရှည် ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“သစ္စာရင်နှင့် ခြားခဲ့ရသောမြေ” စာအုပ်တွင် ဒုတိယကမ္ဘာစစ်တွင် မြန်မာပြည်မှ အိန္ဒိယပြည်သို့ ဆုတ်ခွာရာတွင် ဂျပန်တပ်မတော်တို့၏ ပိတ်ဆို့မှုကြောင့် ထွက်ပေါက်ပိတ်ကာ ဆောဒေသနှင့် ချင်းတောင် ဒေသများတွင် ပုန်းအောင်းကျန်ရစ်ခဲ့သော အင်္ဂလိပ်စစ်သားတစ်ဦးအကြောင်းကို ဇာတ်အိမ်တည်၍ ရေးဖွဲ့ထားသည့် ဇာတ်လမ်းဖြစ်သည်။ တစ်နည်းအားဖြင့် ဒုတိယကမ္ဘာစစ်ကာလ မြန်မာပြည်၏ အခြေအနေကို ကျောထောက်နောက်ခံပြုကာ စစ်၏အနိဋ္ဌာရုံ၊ မြန်မာလူမျိုးတို့၏ ကူညီ ရိုင်းပင်းတတ်မှု၊ နယ်မြေဒေသ လူမျိုးဘာသာြခား‌သော်ငြား လူသားဆန်သည့် လူသားတို့၏ အပြန်အလှန်မေတ္တာတရားကို လက်ရာမြောက်စွာ သရုပ်ဖော်ထားသည့် လုံးချင်းဝတ္ထုတစ်ပုဒ် ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို တန်ဖိုး ၁၆၀၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်က ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့  ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

အကြံပြုစာ/တိုင်ကြားစာ