၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆု အဖွဲ့ငယ် အစည်းအဝေးကျင်းပ
၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ဘာသာရပ်အလိုက် အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၉ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင်များဖြစ်ကြသည့် ဒေါက်တာသန်းထွဋ် (လင်း-ဆေး ၁)၊ ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)နှင့် ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက်ခဲ့ကြပြီး ဒေါ်ခင်လေးညို (မြနှောင်းညို)က ခွင့်ပန်ခဲ့သည်။