၁၃-၅-၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၉)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မေလ ၁၃ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၉)၌ မိမိ၏ ကျောက်ဆစ်အလုပ်ကို စိတ်ပါဝင်စားစွာဖြင့် ဇောက်ချလုပ်ကိုင်ရာက ထူးချွန်ပြီး အောင်မြင်ကျော်ကြားသော ကျောက်ဆစ်ဆရာကြီး ဖြစ်လာသော ကျောက်ဆစ်သမားအကြောင်း ရေးဖွဲ့ထားသည့် “ကျောက်ဆစ်သမား” မျက်နှာဖုံးကာတွန်း၊ သဘာဝ သစ်တောကြီးများကို ဖျက်ဆီးနေသည့် သတ္တဝါကောင်ကြီးကို နှိမ်နှင်းနိုင်ခဲ့သော ပီတိချိုအကြောင်း ရေးဖွဲ့ထားသည့် “ပီတိချို” နှစ်မျက်နှာကာတွန်း၊ နောက်ပြောင်ကျီစယ်တတ်သည့် မြေခွေးသည် နောက်ဆုံး တွင် အမြင်မှန်ရသွားသည့်အကြောင်း ရေးဖွဲ့ထားသည့် “မိတ်ဆွေဆိုတာ” နှစ်မျက်နှာကာတွန်း၊ တီဗွီတွင် ‌ဂေါ်ပြားအသုံးပြုပုံအစီအစဉ် တင်ဆက်နိုင်သည်ဆိုသော ကီးကီအကြောင်း ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ကီးကီနှင့် ဂေါ်ပြား” နှစ်မျက်နှာကာတွန်း၊ ပုစွန်ကြော်များ သေးနေခြင်းမှာ နေအပူရှိန် အလွန်ပြင်းခြင်း ကြောင့် ကျုံ့သွားသည်ဟု ဆိုသော “အာတူးရဲ့ နေပူလို့ပါ” တစ်မျက်နှာကာတွန်းနှင့် လစာထုတ်ရက်တွင်  သူ့ဦးလေးထံမှ မုန့်ဖိုးကို လှည့်ပတ်တောင်းလိုက်နိုင်သည့်  ကျောက်ပုအကြောင်း ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ကျောက်ပု” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတကဏ္ဍအနေဖြင့် ရှေးခေတ်လူသားတို့၏ သတ္တုအသုံးပြု ပစ္စည်းအမျိုးမျိုးကို စတင်တီထွင် အသုံးပြုခဲ့ကြပုံအကြောင်း တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် ကောင်လေး စည်သူသည် ကြောင်၊ ခွေး၊ ဆိတ်၊ ကျွဲ၊ ကြက်ဖတို့နှင့်အတူ ကံကောင်းခြင်းကို  ရှာဖွေပုံအကြောင်း  ရေးဖွဲ့ထားပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် ကောင်းစံကိုယ်တိုင် စိုက်ပျိုးသော စကားဝါပင်လေးမှာ စနစ်တကျပြုစု ပျိုးထောင်မှုကြောင့် စကားဝါပန်းပွင့်လေးများ ဖူးပွင့်လာပုံအကြောင်း ဖတ်ရှုရမည် ဖြစ်ပါသည်။  ထို့ပြင် ကလေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍ၊ ကလေးတို့ ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် ရွှေသွေးတို့လက်ရာ ကဏ္ဍနှင့်  ပူပြင်းလှသော နွေရာသီအချိန်တွင် ရေလိုအပ်သော နေရာများတွင် သဒ္ဒါတရား ထက်သန် စွာ ရေလှူခြင်းဖြင့် ရေအကျိုးဆယ်ပါးကို ရရှိနိုင်ကြောင်း ‌ရေးဖွဲ့ထားသည့် ဆရာဌေးကြည် (စလင်း)၏ “ရေအလှူ” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အင်္ဂလိပ်ဝါကျတည်ဆောက်ရာတွင် အသုံးပြုသည့် Preposition (ဝိဘတ်) များဖြစ်သော in, at, on, from, to, till, until, by နှင့် from…to တို့၏ အသုံးနှင့် ပတ်သက်၍ သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။ 

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁ ၈၁၄၄၈၊ ၁-၂၄၉၀၃၁သို့ ဆက်သွယ်မှာယူနိုင်ပါသည်။ 
 

အကြံပြုစာ/တိုင်ကြားစာ