၂ဝ၂၁ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေးကို ၂ဝ၂၂ ခုနှစ် ဇွန်လ ၂၉ ရက် မွန်းတည့် ၁၂ : ၀၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
သက်ဆိုင်ရာဘာသာရပ် အဖွဲ့ငယ် ဆန်ခါတင်အဆင့် အစည်းအဝေးသို့ ဒေါ်မြမြသန်း (မနှင်းဖွေး)၊ ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)၊ ဦးတိုးကျော် (စာတည်းမှူးချုပ်)တို့ တက်ရောက်ခဲ့ကြပြီး ဒေါ်မြင့်မြင့်ကြူ (ရွှေမြိုင်ပြုံးလဲ့မော်) က ခွင့်ပန်ခဲ့သည်။
၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ် ရွေးချယ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ သက်ဆိုင်ရာဘာသာရပ်အလိုက် ဆန်ခါတင်အဆင့် အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဇွန်လ ၂၈ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ သက်ဆိုင်ရာဘာသာရပ် စိစစ်ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)၊ ဦးရွှေသိဏ်း (မောင်ခြိမ့်)၊ ဦးမောင်မောင်ကြည် (ရေနံမြေမောင်မောင်ကြည်)၊ ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက်ခဲ့ကြသည်။
၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ သက်ဆိုင်ရာဘာသာရပ်အလိုက် ဆန်ခါတင်အဆင့် အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဇွန်လ ၂၈ ရက် နံနက် ၁၀ : ၃၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ သက်ဆိုင်ရာဘာသာရပ် စိစစ်ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာသန်းထွဋ် (လင်း-ဆေး ၁)၊ ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)၊ ဒေါ်ခင်လေးညို (မြနှောင်းညို)၊ ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက်ခဲ့ကြသည်။

Copyright © 2025. All rights reserved