ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် နေ့စားဝန်ထမ်း မအင်ကြင်းကိုကို၊ မစိုးသူဇာကျော်နှင့် မစိုးမြတ်သူတို့အား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ၂၃-၆-၂၀၂၃ ရက် နေ့လယ် ၁ : ၃၀ နာရီတွင် စာပေဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် စာပေဗိမာန် စာတည်းမှူးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်၍ အခမ်းအနားကို နေ့လယ် ၂ : ၃၀ နာရီတွင် ရုပ်သိမ်းခဲ့သည်။