၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရိုးရိုးအောင်မြင်ခဲ့သည့် နေ့စားဝန်ထမ်း (၃) ဦးအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်  တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် နေ့စားဝန်ထမ်း မအင်ကြင်းကိုကို၊ မစိုးသူဇာကျော်နှင့် မစိုးမြတ်သူတို့အား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ၂၃-၆-၂၀၂၃ ရက် နေ့လယ် ၁ : ၃၀ နာရီတွင် စာပေဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် စာပေဗိမာန် စာတည်းမှူးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်၍ အခမ်းအနားကို နေ့လယ် ၂ : ၃၀ နာရီတွင် ရုပ်သိမ်းခဲ့သည်။

1-228

2-209

3-113

4-63

 

အကြံပြုစာ/တိုင်ကြားစာ