၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆု အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

 ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ် ရွေးချယ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ သက်ဆိုင်ရာဘာသာရပ်အလိုက် ဆန်ခါတင်အဆင့် အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၃ ရက် မွန်းတည့် ၁၂ : ၀၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ ရသစာတမ်း (အက်ဆေး) ဘာသာရပ်  စိစစ်ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဒေါ်ခင်လေးညို (မြနှောင်းညို)၊ ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက်ခဲ့ကြသည်။

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆု အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

အစည်းအဝေးတွင် ပေးပို့လာသည့် ၂၀၂၁ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော သက်ဆိုင်ရာ ဘာသာရပ် စာအုပ်များကို ဆန်ခါတင်အဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။

၉-၇-၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၂၈)ထွက်ရှိ

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၂၈)၌ မိဘနှင့် သားသမီး ကွဲကွာရခြင်းဒုက္ခသည် အင်မတန်ပူဆွေးသောက ရောက်ရပုံကို ကိုယ်တိုင်ခံစားလိုက်ရသည့်

၂၀၂၀ ပြည့်နှစ်အတွက် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေတစ်သက်တာဆု၊ ပခုက္ကူစာပေဆု၊ ပခုက္ကူဦးအုံးဖေ ပညာရည်ချွန်ဆုနှင့် ပခုက္ကူဦးအုံးဖေ စာကြည့်တိုက် စာအုပ်ဆု ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

  ၂၀၂၀ ပြည့်နှစ်အတွက် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေတစ်သက်တာဆု၊ ပခုက္ကူစာပေဆု၊ ပခုက္ကူဦးအုံးဖေ ပညာရည်ချွန်ဆုနှင့် ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆုချီး မြှင့်ပွဲအခမ်းအနားကို (၈-၇-၂၀၂၂)ရက်၊ သောကြာနေ့ နံနက် (၁၀:၀၀) နာရီတွင် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ဗဟိုပုံနှိပ်စက်ရုံ စုပေါင်းခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ပြန်ကြာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကား ပြောကြားခြင်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ၊ ပခုက္ကူစာပေ ရန်ပုံငွေကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က အမှာစကားပြောကြားခြင်း၊ ပခုက္ကူဦးအုံးဖေ တည်ထောင် သော ပခုက္ကူစာပေ တစ်သက်တာဆုနှင့် အခြားပခုက္ကူစာဆုရရှိသူတို့အား သက်ဆိုင်ရာ ဌာန အကြီးအကဲတို့က ဆုကြီးမြှင့်ခဲ့ ကြသည်။

၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

  ၂ဝ၂၁ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကို ၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၆ ရက် နံနက် ၁၁ : ၃၀ နာရီက ရန်ကုန်မြို့ ၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။

သက်ဆိုင်ရာဘာသာရပ် အဖွဲ့ငယ် ဆန်ခါတင်အဆင့် အစည်းအဝေးသို့ ဦးစိန်လှိုင် (သူရဇော်)၊  ဦးအောင်သန်းဦး (ပုသိမ်အောင်သန်းဦး)၊ ဦးညွန့်ဟံ (ညွန့်ဟံ-ကြူတော)၊ ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက် ခဲ့ကြသည်။

အစည်းအဝေးတွင် ၂ဝ၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ဘာသာရပ်ဆိုင်ရာစာမူများ ဆန်ခါတင်အဆင့် ရွေးချယ်ထားမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။
Subscribe to

အကြံပြုစာ/တိုင်ကြားစာ