၂၀၂၀ ပြည့်နှစ်အတွက် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေတစ်သက်တာဆု၊ ပခုက္ကူစာပေဆု၊ ပခုက္ကူဦးအုံးဖေ ပညာရည်ချွန်ဆုနှင့် ပခုက္ကူဦးအုံးဖေ စာကြည့်တိုက် စာအုပ်ဆု ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

  ၂၀၂၀ ပြည့်နှစ်အတွက် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေတစ်သက်တာဆု၊ ပခုက္ကူစာပေဆု၊ ပခုက္ကူဦးအုံးဖေ ပညာရည်ချွန်ဆုနှင့် ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆုချီး မြှင့်ပွဲအခမ်းအနားကို (၈-၇-၂၀၂၂)ရက်၊ သောကြာနေ့ နံနက် (၁၀:၀၀) နာရီတွင် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ဗဟိုပုံနှိပ်စက်ရုံ စုပေါင်းခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးရဲတင့်၊ ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ မြန်မာနိုင်ငံစာရေးစာရာအသင်း ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) နှင့် ဒုတိယဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ပခုက္ကူစာပေတစ်သက်တာဆု ဆရာကြီး များ၊ ပခုက္ကူစာပေဆုရှင်များ၊ ပခုက္ကူဦးအုံးဖေ ပညာရည်ချွန်ဆုရှင်များ၊ ပခုက္ကူဦးအုံးဖေ စာကြည့် တိုက်ဆုရှင်များ၊ ပခုက္ကူဦးအုံးဖေစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များနှင့် အခြားပြင်ပ ပညာရှင်တို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ပြန်ကြာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကား ပြောကြားခြင်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ၊ ပခုက္ကူစာပေ ရန်ပုံငွေကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က အမှာစကားပြောကြားခြင်း၊ ပခုက္ကူဦးအုံးဖေ တည်ထောင် သော ပခုက္ကူစာပေ တစ်သက်တာဆုနှင့် အခြားပခုက္ကူစာဆုရရှိသူတို့အား သက်ဆိုင်ရာဌာန အကြီးအကဲတို့က ဆုကြီးမြှင့်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒသကြီး အစိုးရအဖွဲ့က ပခုက္ကူစာပေ တစ်သက်တာဆု ရရှိသူ ဆရာကြီး နှစ်ဦးနှင့် အခြားပခုက္ကူစာပေဆုရရှိသူ ၁၇ ဦးတိုအား တစ်ဦးလျှင် ငွေကျပ် တစ်သိန်းစီဖြင့် စုစုပေါင်း ကျပ် ၁၉ သိန်းကို ချီးမြှင့်ခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပြီး အခမ်းအနား ကို နံနက် (၁၁:၃၀) တွင် ရုပ်သိမ်းခဲ့သည်။

6-14

5-18

4-30

 

1-148

အကြံပြုစာ/တိုင်ကြားစာ