Aug 21, 2020
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန် (၇၃) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပထမစာပေစကားဝိုင်း "ရသစာတမ်း (အက်ဆေး) စာပေဖွံ့ဖြိုးရေး စာပေစကားဝိုင်း" ကို ဩဂုတ်လ ၂၁ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။