သတင်း/ကြေညာချက်

Jan 13, 2026
မိသားစုအတွင်း ငွေကြေးမပြည့်စုံမှု၊ ဖခင်၏သစ္စာမဲ့၍ အိမ်ထောင့်တာဝန် ပျက်ကွက်မှု၊ မိခင်၏ကျန်းမာရေး ချူချာမှု၊ အစ်ကို၏ မလိမ္မာမှုနှင့် အိမ်တွင်းရေး မသာယာမှုများသည် လူငယ် လေးတစ်ယောက်၏ စိတ်ဓာတ်နှင့် ပညာရေးလမ်းကြောင်းအပေါ် ဆိုးကျိုးများစွာ သက်ရောက်နိုင် ကြောင်း မီးမောင်းထိုးပြထားသည်။ 
Jan 13, 2026
ရိုးရိုးအရိပ်သည် အလင်းရောင်ပျောက်ကွယ်သွားချိန်တွင် မရှိတော့ပေမဲ့ အကုသိုလ်ဆိုသည့် အသံမဲ့အရိပ်သည် အကျိုးပေးချိန်တန်လျှင် အမြဲတမ်းရှိနေဆဲဖြစ်ကြောင်း ဘဝနှင့်ရင်းပြီးမှ သိရပုံ၊ မိဘနှင့် သားသမီးတို့ကြား ဖြစ်လေ့ရှိသည့် မိသားစုပြဿနာများ စသည်ဖြင့် ရသသုတစုံလင်စွာဖြင့် စိတ်ဝင်စားဖွယ်ကောင်းစွာ ရေးဖွဲ့ထားသောကြောင့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
Jan 13, 2026
ယင်းစာအုပ်သည် ပျို့စာဆို ဦးနိုး၏ ဘဝနှင့် ၎င်းရေးဖွဲ့ခဲ့သော စုစုပေါင်း ပျို့ရှစ်စောင်ရှိသည့်အနက် မာတာပီတသင်္ဂဟပျို့နှင့် ဝိဓူရပျို့ နှစ်စောင်မှအပ ကိန္နရာချောင်းခြားပျို့၊ ပဋာစာရီပျို့၊ ဝေဿန္တရာပျို့၊   မဟာမြတ်မုနိ ဘုရားကြီးသမိုင်းပျို့၊ မဟာဇနကပျို့၊ ရှင်မာလဲပျို့ တို့ကို အသေးစိတ်လေ့လာတင်ပြထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။ 

အကြံပြုစာ/တိုင်ကြားစာ