သတင်း/ကြေညာချက်

Feb 15, 2023
၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၂ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူ၊ ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
Feb 15, 2023
ကျွန်တော်နှင့် ငယ်ဘဝ၊ ကျွန်တော်နှင့် တက္ကသိုလ်ကျောင်းသားဘဝများ၊ ကျွန်တော်နှင့် အိမ်ထောင်သည်ဘဝ၊ ပြောပြချင်သည့် အကြောင်းလေးများ စသည့် အခန်းလေးခန်း ခွဲ၍ ရေးသားထားပြီး ဆရာကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ဘဝခရီးနှင့် အခက်အခဲ အဟန့်အတားများကို ခိုင်မာသော စိတ်ဓာတ်၊ မဆုတ်မနစ်သော ဇွဲလုံ့လတို့ဖြင့် ဖြတ်ကျော်ခဲ့ပုံတို့ကို လူငယ်များ အတုယူအားကျဖွယ် ရေးဖွဲ့ထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
Feb 14, 2023
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာ စာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၊ အတွဲ(၅ဝ)၊ အမှတ်(၂) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းပါဝင်သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။

အကြံပြုစာ/တိုင်ကြားစာ