ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၂၂)၌ မိခင်အပေါ် သနားကြင်နာပြီး အလိုက်သိတတ်သော ပုပုအကြောင်း ရေးဖွဲ့ထားသည့် “ပုပုပါဝင်သည့်...ဪ...သားရယ်...” မျက်နှာဖုံးကာတွန်း၊ အကျိုးမရှိ၊ မသေချာ သောအလုပ်ကို မလုပ်တော့ဘဲ အကျိုးရှိပြီး သေချာသောအလုပ်ကိုသာ လုပ်တော့မည်ဆိုသော မြေခွေးလင်မယားအကြောင်း သရုပ်ဖော်ထားသည့် “မသေချာတဲ့ မျှော်လင့်ချက်” နှစ်မျက်နှာ
Copyright © 2025. All rights reserved