သတင်း/ကြေညာချက်

Dec 04, 2025
“အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဟူသော စာပေဗိမာန်၏ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားများ အသိပညာတိုးပွားစေရန်နှင့် မြန်မာစာပေဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေရန် ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအောက်ရှိ “စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်” ကို
Dec 02, 2025
မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာကြီးဒေါက်တာမောင်သင်း (မောင်သင်း-သပြေ) က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ အတွင်းရေးမှူး စာတည်းမှူးချုပ် ဦးတိုးကျော်က မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၆) နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
Nov 28, 2025

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ အင်္ဂလိပ်စာမူ ပထမဆုရရှိသည့် Researcher Maung Han ၏  ‘Significant Cultural Information about Pyu Ancient Cities’ စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် ပျူမြို့ဟောင်းများအကြောင်း သိရှိလိုသူ မြန်မာတိုင်းရင်းသားပြည်သူတို့ သာမက လာရောက်လေ့လာကြသည့် နိုင်ငံခြားသားများ သိသင့်သိထိုက်သော ပျူမြို့ဟောင်းများ အကြောင်းကို အင်္ဂလိပ်ဘာသာဖြင့် စုစည်းတင်ပြထားသည်။ 

အကြံပြုစာ/တိုင်ကြားစာ