ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Aug 02, 2024
အေကေမြန်မာ ဖန်း(မ်) အီကွတ်မန့်ကုမ္ပဏီလီမိတက် (AK MYANMAR FARM EQUIPMENT COMPANY LIMITED) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေအရ အစုရှင်များ၏ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းတို့ ပါဝင်ပါသည်။
Aug 02, 2024
Kayin Nippon Foundation Agricenter Incorporated Members Voluntary Winding-up Notice Pursuant to the Section 348 of Myanmar Company Law and Under section 152 of Insolvency Law & Rule 15 of 2020 Appointment of Liquidator တို့ ပါဝင်ပါသည်။
Aug 02, 2024
NGWE THEE EAIN TRADING COMPANY LIMITED မြန်မာနိုင်ငံလူမွဲခံယူခြင်း ဆိုင်ရာဥပဒေပုဒ်မ(၁၄၇) အစုရှယ်ယာရှင်များ ဆန္ဒအလျောက် ကုမ္ပဏီအား စာရင်းရှင်းလင်း ဖျက်သိမ်းရန် ကြေညာခြင်း၊ SHWE THEE EAIN TRADING COMPANY LIMITED မြန်မာနိုင်ငံလူမွဲ ခံယူခြင်းဆိုင်ရာ ဥပဒေပုဒ်မ(၁၄၇) အစုရှယ်ယာရှင်များ ဆန္ဒအလျောက် ကုမ္ပဏီအား စာရင်းရှင်း လင်းဖျက်သိမ်းရန် ကြေညာခြင်းတို့ ပါဝင်ပါသည်။

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ