ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Nov 04, 2022
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၄၅)၌ ငွေကို သုံးသင့်သည်ကိုပဲသုံးပြီး စုသင့်သည်ကို စုရမည်ဖြစ်ကာ အသုံးနှင့် အဖြုန်းအကြောင်း နားလည်သွားသည့် နီတာ၏သူငယ်ချင်းများကြောင်း ရေးဖွဲ့ထားသည့် “အသုံးနှင့် အဖြုန်း” မျက်နှာဖုံးကာတွန်း၊ သူစိမ်းတစ်ယောက်ကို ဦးလေးဟုထင်မှတ်ကာ အိမ်ထဲခေါ်မိရာက ဒုက္ခရောက်သွားသော ကိုစည့်အဖြစ်ကို ရေးဖွဲထားသည့် “ကိုစည်နှင့် မုန့်ဖိုးမက်
Nov 02, 2022
နိုင်ငံတစ်နိုင်ငံ၏ နှလုံးသည်းပွတ်မှာ ယဉ်ကျေးမှုပင်ဖြစ်သည်။ ထိုနှလုံးသည်းပွတ်နှင့်တူသော ယဉ်ကျေးမှု အမွေအနှစ်များကို ဆရာမကြီးက မှတ်တမ်းများ ကျန်ရစ်ရလေအောင် ပြည့်ပြည့်စုံစုံ ကြိုးပမ်းအားထုတ် ရေးသားထားသောကြောင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ရမည့် နိုင်ငံသားတိုင်းအတွက် “မြန်မာအမျိုးသမီး ဆင်ယင်ထုံးဖွဲ့မှု” စာအုပ်သည် လက်မလွတ် တမ်း ဖတ်ရှုသင့်သည့် အိမ်တွင်ဆောင်ထားသင့်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
Nov 01, 2022
E-Lan Trading & Services Co., Ltd မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ၃၄၈ အရ အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက် ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းကြောင်း ကြေညာခြင်း၊ ချမ်းမြေ့ သာအပြည်ပြည်ဆိုင်ရာကုမ္ပဏီလီမိတက် (Ever Peace International Company Limited)၊ Max Winner Company Limited၊ (ဆန္ဒအလျောက် ဖျက်သိမ်းဆဲ) လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရကြေညာစာ၊ Lin Myat Yadanar Co., Ltd (အစုရှင်များ၏ ဆန္ဒအရဖျက်သိမ်းဆဲ) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ပုဒ်မ၂၀၈ (င)

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ