ပြည်သူ့လက်စွဲစာစဉ်

ပြည်သူ့လက်စွဲစာစဉ်

စာပေဗိမာန်ပြည်သူ့လက်စွဲစာစဉ်များကို ၁၉၅၈ ခုနှစ် ဇန်နဝါရီလတွင် စတင်ထုတ်ဝေခဲ့သည်။ ပြည်သူလူထုအတွက် စာပေဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် ဝိဇ္ဇာ၊ သိပ္ပံ၊ ယဉ်ကျေးမှု၊ လူမှုရေး၊ ၀တ္ထု၊ ကဗျာနှင့် ကလေးသူငယ်ဆိုင်ရာ စာပေများပါဝင်သော အကြောင်းအရာများကို လက်ဆွဲ အိတ်ဆောင် စာအုပ်အဖြစ် လစဉ် သုံးအုပ်ခန့် ထုတ်ဝေနိုင်ခဲ့သည်။ မူလက နိုင်ငံတော် အတွင်းရှိ  စာတတ်စ လူကြီးလူငယ်တို့နှင့် သင့်တော်သော စာအုပ်များထုတ်ဝေရန် စာဖတ်ဝါသနာ ရင့်သန်လာစေခြင်းဖြင့် စာဖတ်ပရိသတ် နယ်ပယ်ချဲ့ထွင်ရန် ဖတ်ရလွယ်ကူသော ပြည်သူ့အကျိုးပြု သုတရသ စာအုပ်ငယ်များကို စျေးနှုန်းသက်သာစွာဖြင့် ထုတ်ဝေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် စာအုပ်ထုတ်ဝေရန် ခက်ခဲနေသော စာပေလက်ရာကောင်းများကို စာမူပြိုင်ပွဲတွင် ယှဉ်ပြိုင်စေကာ ဆုရရှိသော စာမူများကို စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေပေးခဲ့သည်။ စာပေဗိမာန်စာမူဆုရ စာမူများအပြင် စာရေးဆရာများ၊ စာပေသုတေသီများ၊ ပညာရှင်များ ရေးသားပြုစုတင်ပြလာသော စာမူများ၊ ပြည်သူလူထု အကျိုးရှိစေမည့် အကြောင်းအရာများကို ကျွမ်းကျင်ပညာရှင်များထံ အပ်နှံ၍ လည်းကောင်း၊ စာတည်းများကို တာဝန်ပေး၍လည်းကောင်း ပြုစုထားသော စာမူများကိုပါ စာအုပ်အဖြစ် ထုတ်ဝေခဲ့သည်။ ယခုအခါ စာပေဗိမာန်စာမူဆုနှင့် ပခုက္ကူဦးအုံးဖေ စာပေဆုရ စာမူများကို ပြည်သူ့လက်စွဲစာအုပ်များအဖြစ် ထုတ်ဝေလျက်ရှိပါသည်။ 

1

တစ်နှစ်တာကာလအတွင်း စာပေဗိမာန်စာမူဆုပြိုင်ပွဲ ဘာသာရပ် (၁၃) မျိုးမှ ဆုရရှိသည့် (ပထမ၊ ဒုတိယ၊ တတိယ) စာမူများကို စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေပေးလျက်ရှိရာ ပထမဆုရစာအုပ်ကို အုပ်ရေ (၂၀၀၀)၊ ဒုတိယဆုရစာအုပ်ကို အုပ်ရေ (၁၅၀၀)၊ တတိယဆုရစာအုပ်ကို (၁၀၀၀) အုပ် အသီးသီး ထုတ်ဝေလျက်ရှိ​ပြီး ကဗျာပေါင်းချုပ်စာအုပ်ကို အုပ်ရေ (၅၀၀) သာ ပုံနှိပ်ထုတ်ဝေလျက်ရှိပါသည်။ 

ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆုတွင်မူ ဘာသာရပ် (၅) မျိုး အတွက် ဆုရရှိသည့် (ပထမ၊ ဒုတိယ၊ တတိယ) စာမူများမှ ပထမဆုရ စာမူများကိုသာ ဘာသာရပ်တစ်မျိုးလျှင် အုပ်ရေ (၂၀၀၀) ပုံနှိပ်ထုတ်ဝေလျက်ရှိပြီး     ကဗျာပေါင်းချုပ်စာအုပ်ကို အုပ်ရေ (၅၀၀) သာ ပုံနှိပ်ထုတ်ဝေလျက် ရှိပါသည်။       

                                                                                                                                                                        

123

 

စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်များ

အကြံပြုစာ/တိုင်ကြားစာ