ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Jan 08, 2020
Aung Royal Machine Co.,Ltd မြန်မာနိုင်ငံကုမ္ပဏီများအက်ဉပဒေပုဒ်မ ၂၉၂ (က) အရ အစုရှင်များဆန္ဒအလျောက် ဖျက်သိမ်းရန် ကြေညာချက်၊ Notice Under Section 208 (E) Myanmar Companies Act Myanmar National Industrial Gases Limited (Members Voluntary Winding-up) Invitation to Final Meeting၊
Jan 07, 2020

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ရုံးလုပ်ငန်းသုံး/ပုံနှိပ်လုပ်ငန်းသုံး စက်ကိရိယာများအား ဝယ်ယူနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ၏ တင်ဒါဈေးဆစ် အစည်းအဝေးတွင် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများမှ ဈေးနှုန်းစာရင်းများ ထုတ်ပြန်ကြေညာ-

Jan 07, 2020

ပြင်ပပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (၂၀၂၀-၂၀၂၁ ပညာသင်နှစ်) ကျောင်းသုံးဖတ်စာအုပ်အဖုံး (၄ ရောင်ပါ) Lot (1,2) များအား လုပ်ငန်းအပ်နှံဆောင်ရွက်နိုင်ရန် ကုန်ကြမ်းပစ္စည်းများဝယ်ယူရေးနှင့် စိစစ်ရေးကော်မတီ၏ တင်ဒါဈေးဆစ် အစည်းအဝေးတွင် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများမှ ဈေးနှုန်းစာရင်းများ ထုတ်ပြန်ကြေညာ-

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ