ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Oct 20, 2020
NAY LA DANA COMPANY LIMITED မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ-၃၄၈ အရ ကုမ္ပဏိများကို ဆန္ဒအလျောက် ဖျက်သိမ်းကြောင်းကြေညာခြင်း၊ ဝေဖြိုူးနေ ကုမ္ပဏီ လီမီတက် (WAI PHYO DANA Co., Ltd) (အစုဝင်များ၏ ဆန္ဒအရ ဖျက်သိမ်းဆဲ) မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၈-င အရ အပြီးသတ် နောက်ဆုံးအစည်းအဝေး ဖိတ်ကြားခြင်း၊
Oct 16, 2020
“သူငယ်ချင်းကောင်း” မျက်နှာဖုံးကာတွန်း၊ သူတစ်ပါးအပေါ် စနောက်ရာတွင်လည်း သူတစ်ပါးမခံချင်အောင် မပြောဆိုဘဲ ကျေနပ်နိုင်အောင် စနောက် နိုင်သည့် ဉာဏ်ကောင်းသည့် ညီပုအကြောင်းကို ရေးဖွဲ့ထားသည့် “ညီပု” နှစ်မျက်နှာကာတွန်း၊ ညီညီသည် အပြင်မှ ပြန်လာသော သူ၏အဖေအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့်
Oct 12, 2020
ATPOST COMPANY LIMITED ဖျက်သိမ်းခြင်းနှင့်စပ်လျဉ်း၍ နောက်ဆုံး အစည်းအဝေးခေါ်ယူခြင်း၊ ဘီယွန်း - အမေးဇင်း ကုမ္ပဏီလီမိတက် (BEYOUND AMAZING COMPANY LIMITED)

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ