ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Mar 13, 2023
ကျေးလက်ဖွား မြန်မာအမျိုးသမီးတစ်ဦး၏ ဇာတိမွေးရပ်အပေါ် ဖွံ့ဖြိုးတိုးတက်စေလိုသည့်စိတ်ဓာတ်၊ ပညာသင်ကြားတတ်မြောက်ပြီး ဘဝတိုးတက်မှုအတွက် ရည်မှန်းချက်ကောင်းဖြင့် လုပ်ငန်းခွင်အတွင်း အဆင်ပြေစွာ လုပ်ကိုင်စွမ်းဆောင်နိုင်မှု၊ ဘဝ
Mar 10, 2023
၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၀)၌ တန်ဖိုးကြီးပစ္စည်းများထက် မေတ္တာကိုသာ လိုအပ်သည်ဆိုသော ပုပုအကြောင်း တင်ဆက်ထားသည့် “ပုပုပါဝင်သည့် မေတ္တာ” မျက်နှာဖုံးကာတွန်း၊ သဘာဝ တရားကြီးက အပင်များကို သူ့အပင်နှင့် သူ့အသီး လိုက်လျောညီထွေ
Mar 09, 2023
စာဖတ်ပရိသတ် တိုးပွားရန်နှင့် စာဖတ်သူများ အဖိုးနှုန်း ချိုသာစွာ ဖတ်ရှုနိုင်ရန် ရည်ရွယ်လျက် ၁၉၆၄ ခုနှစ်မှ စတင်တည်ထောင်လာခဲ့ သည့် စာပေဗိမာန် စာအုပ်အသင်းသည် စာပေဗိမာန် စာမူဆုနှင့် ပခုက္ကူစာပေဆု ပြိုင်ပွဲများမှ ဆုရစာမူများကို ပြည်သူ့လက်စွဲ စာစဉ်အဖြစ် ထုတ်ဝေပြီး အသင်းဝင်များသို့ လစဉ်တစ်အုပ်စီ ဖြန့်ချိပေးပို့လျက် ရှိပါသည်။

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ