ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Mar 31, 2023
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၃)၌ အတွေ့အကြုံရှိသူတို့၏ စေတနာဖြင့် အန္တရာယ်မဖြစ်စေရန် သတိပေးစကားပြောသည်ကို မစဉ်းစားမဆင်ခြင်ခဲ့မိရာက အသက်ဘေးနှင့် ရင်ဆိုင်ရလုနီးပါးဖြစ်ခဲ့သော ခါချဉ်လေးအကြောင်း သရုပ်ဖော်ထားသည့် “စွန့်စားချင်တဲ့
Mar 29, 2023
POLY ENGINEERING & ENERGY CO., LTD၊ HPA CON-GENT COMPANY LIMITEDနှင့် ZIN YAW MIN GENERAL PRODUCTION COMPANY LIMITED မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာဥပ ဒေပုဒ်မ (၁၄၇) အစုရှယ်ယာရှင်များ ဆန္ဒအလျောက် ကုမ္ပဏီအားစာရင်းရှင်းလင်းဖျက်သိမ်းရန် ကြေညာခြင်း၊ BEST IN MYANMAR SERVICE INN LTD GTY (ကုမ္ပဏီ
Mar 24, 2023
၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၁၂)၌ မိမိတို့၏ ပင်ကိုရိုးသားမှုကို မကောင်းမွန်သောအရောင်များဖြင့် မဆိုးသင့်ကြောင်း ပညာပေး တင်ဆက်ထားသည့် “အရောင်မဆိုးချင်ပါနဲ့” မျက်နှာဖုံးဇာတ်လမ်း၊ ကလေးများအား မိမိတို့၏ နေရပ်ဒေသကို တန်ဖိုးထားချစ်

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ