¬၁၅ - ၁၁ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၄၆) ထွက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ်(၄၆)၌ သူတစ်ပါးပစ္စည်းကို ခိုးယူတတ်သော အကျင့်ရှိခြင်းကြောင့် သူငယ်ချင်းများ အကြားတွင် အရှက်ရခဲ့သော ချစ်ချစ်အကြောင်းကို သရုပ်ဖော်ထားသည့် “ပိုပိုမ ပါဝင်သော အကျင့်ဆိုး” မျက်နှာဖုံးကာတွန်း၊ စာဆိုတော်နေ့ ဖြစ်ပေါ်လာပုံအကြောင်းကို သရုပ်ဖော်ထားသည့် “ဂန္ထဝင် ခင်ခင်ပြူး နှင့် အပေါင်းအသင်းများ” နှစ်မျက