စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ အင်္ဂလိပ်စာမူ ပထမဆုရရှိသည့် Researcher Maung Han ၏  ‘Significant Cultural Information about Pyu Ancient Cities’ စာအုပ်ကို ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ အင်္ဂလိပ်စာမူ ပထမဆုရရှိသည့် Researcher Maung Han ၏  ‘Significant Cultural Information about Pyu Ancient Cities’ စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် ပျူမြို့ဟောင်းများအကြောင်း သိရှိလိုသူ မြန်မာတိုင်းရင်းသားပြည်သူတို့ သာမက လာရောက်လေ့လာကြသည့် နိုင်ငံခြားသားများ သိသင့်သိထိုက်သော ပျူမြို့ဟောင်းများ အကြောင်းကို အင်္ဂလိပ်ဘာသာဖြင့် စုစည်းတင်ပြထားသည်။ 
ပျူမြို့ဟောင်းတို့သည် အရှေ့တောင်အာရှနိုင်ငံများကပင် စံနမူနာယူရလောက်သော မြို့ပြ အင်္ဂါရပ်များနှင့် ပြည့်စုံသည်။ ဗုဒ္ဓဘာသာယဉ်ကျေးမှု အစောဆုံးထွန်းကားခဲ့သော မြို့ဟောင်းကြီး များလည်း ဖြစ်ခဲ့သည်။ ဤစာအုပ်တွင် ပျူမြို့ဟောင်းများ၏ ယဉ်ကျေးမှုဆိုင်ရာ သတင်းအချက် အလက်များကို မြန်မာနိုင်ငံ ဗြိတိသျှကိုလိုနီလက်အောက်ခံဘဝက မြန်မာနိုင်ငံ ကမ္ပည်းကျောက်စာ ဌာနမှ ကျောက်စာဝန်များ၊ နိုင်ငံခြားသား ရှေးဟောင်းသုတေသနအရာရှိများက ပျူမြို့ဟောင်းများသို့ ကွင်းဆင်း လေ့လာတူးဖော်ခဲ့ကြသည်။ ဤသို့လေ့လာရာမှ တွေ့ရှိရသော ထူးခြားသည့် ပျူယဉ်ကျေးမှု ဝတ္ထုပစ္စည်းများအကြောင်းနှင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ရှေးဟောင်း သုတေသနဌာနက တူးဖော်သုတေသနပြုခဲ့သော ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ ပျူမြို့ဟောင်း များမှ တူးဖော် တွေ့ရှိချက်များအကြောင်းကို အခြေခံရေးသားထားသော စာအုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၃၀၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ