ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

May 13, 2024
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “ကိုဗစ်- ၁၉ ဗီဇပြောင်းမျိုးကွဲများအကြောင်း သိကောင်းစရာ” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် ကိုဗစ်- ၁၉ ဗိုင်းရပ်စ်ဗီဇမျိုးကွဲများ၊ ဗီဇပြောင်း ကိုဗစ်- ၁၉ ရောဂါပိုးများ၊ လူငယ်ရေးရာကဏ္ဍတွင် အားနည်းချက်က အားသာချက်လည်း ပြန်ဖြစ်သွားနိုင်တယ်၊
May 13, 2024
မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာကြီးဒေါက်တာမောင်သင်းက အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာ့ရည်ညွှန်း ကျမ်းစီစဉ်ရေးအဖွဲ့ အတွင်းရေးမှူး စာပေဗိမာန် စာတည်းမှူးချုပ်က မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်နှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းခြင်း၊
May 13, 2024
ပင်လယ်ရေမျက်နှာပြင်ထက်သို့တက်၍ နေပူဆာလှုံတတ်သော ငါးအကြောင်း ဗဟု သုတ ဖြစ်ဖွယ်ရေးသားထားသည့် “နေပူဆာလှုံသော ငါး” သုတကဏ္ဍ၊ အားလပ်ချိန်တွင် စာကြည့်တိုက်သို့ စာသွားဖတ်ရန်၊ လူသားတွေ ကြီးပွားစေရန်နှင့် လိမ္မာယဉ်ကျေးအောင် စာပေက လမ်းပြပေးနိုင် သည့်အကြောင်း ရေးဖွဲ့ထားသည့် “စာကြည့်တိုက်” ကဗျာကဏ္ဍ၊

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ