ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Sep 11, 2020
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၂ ရက် (စနေနေ့) တွင်ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၂) အမှတ် (၃၇) ၌ ဂျော်ကီပြောလိုက်သော အကြောင်းအရာအပေါ် စိတ်ဝင်စားပြီး အမှန်တကယ် ဟုတ်၊ မဟုတ် သိလိုသော ပုတုအကြောင်းကို သရုပ်ဖော်ထားသည့် “တော်တော်နောက်တဲ့ ဂျော်ကီ” မျက်နှာဖုံးကာတွန်း၊
Sep 09, 2020
Aye Kyi Min Company Limited (အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေး တက်ရောက်ရန်ဖိတ်ကြားခြင်း၊ ဂျိတ်ကာလာ ကုမ္ပဏီ လီမိတက် (JADE COLOUR COMPANY LIMITED)
Sep 08, 2020
''မောင်လွန်းမြိုင် (ပင်လယ်ဘူး)'' ၏ ''ဝလုံးစောင်းစောင်း ပန်းပေါင်းကုဋေ'' စာအုပ်သည် ကလေးကဗျာပီပီ ကဗျာများမှာ ရွတ်ဆို၍ကောင်းသော ကဗျာများ၊ ကလေးများ သိနားလည်မှုရှိသော စကားလုံးများဖြင့် အကြောင်းအရာ အမျိုးအစားစုံလင်အောင် ရေးစပ်ထားသည်။

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ