ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Jun 04, 2021
“ဇော်လွင်ဦး (ဟင်္သာတ)” ရေးသားသည့် “တစ်ချိန်တစ်ခါဆီက စံပြကြက်ခြေနီ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။ အဆိုပါစာအုပ်သည် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် စာပဒေသာ၊ တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။ “တစ်ချိန်တစ်ခါဆီက စံပြကြက်ခြေနီ” စာအုပ်တွင် ကြက်ခြေနီအပါအဝင် အရပ်ဘက်လူမှု အဖွဲ့အစည်းများ ပိုမိုအားကောင်းလာခြင်းသည် နိုင်ငံတော်၏ Stakeholder အားကောင်းခြင်းပင် ဖြစ်သဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးကို အထောက်အကူပြုခြင်းပင် ဖြစ်ပါသည်။ ဘက်စုံထူးချွန် (လူရည်ချွန်) ရွေးချယ်မှုပြုခြင်းများ၊ ကင်းထ
Jun 03, 2021
“နန္ဒာမိုးကြယ်” ၏ “ကြာရွက်ထီးကလေး ကလေးကဗျာများ” စာအုပ်သည် ကလေးဝတ္ထုတို ၂၀ ပုဒ် ပါဝင်သည်။ ကလေးဘာသာရပ်တွင် စကားပြေထက် ကဗျာစာအုပ်များ၏ အရေအတွက် ပိုများသည်။
Jun 02, 2021
မျက်နှာဖုံးဆောင်းပါး ကဏ္ဍမှာ '' သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု ဖွံ့ဖြိုးရေး'' ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှု ဖွံ့ဖြိုးတိုးတက်ရေး၊

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ