ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Oct 14, 2021
“မောင်နေခြည် (ပြည်)” ၏ “သူတို့လောက သူတို့ဘဝ” စာအုပ်သည် ဝက်ထီးကန်မြို့ရှိ ကျေးရွာတစ်ရွာမှ ကျွဲ၊ နွားဝိဇ္ဇာ ဆရာတစ်ဦးကို ဇာတ်ကောင်အဖြစ်ထားရှိ၍ နွားတို့၏ သဘာဝ၊ စိတ်နေစိတ်ထား၊ အသွေးအရောင်၊ ဉာဉ်ဆိုး ဉာဉ်ကောင်း စသည်တို့အပြင် မြန်မာ့ဓလေ့ထုံးစံများ အတွင်းရှိ နွားနှင့် စပ်ဆိုင်သည့် အကြောင်းရပ်များ ပါဝင်သည်။
Oct 14, 2021
“ဇော်လွင်ဦး (ဟင်္သာတ)” ၏ “ထနော့'' စာအုပ်သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ တောင်ပို့လှ ကျေးရွာဝန်းကျင်တွင် တွေ့ရသော လူသိနည်းလှသည့် ထနော့တိုင်းရင်းသားတို့၏ ဘဝနှင့်ဒေသအကြောင်းကို ရေးသား တင်ပြထားသည်။
Oct 12, 2021

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး၊ စာတည်းမှူးချုပ် ဦးတိုးကျော် အကြီးအမှူးပြု၍ စာပေဗိမာန်ရုံး၏ အရာထမ်း၊ အမှုထမ်းတို့က ဗိုလ်တထောင်မြို့နယ်၊ မင်္ဂလာရာမပါဠိတက္ကသိုလ်မှ သံဃာတော် ၃ ပါးအား ပင့်ဖိတ်၍ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း ခြင်း၊ နေ့ဆွမ်းနှင့် ခဲဘွယ်ဘောဇဉ် ဆပ်ကပ်ခြင်းတို့ကို အစီအစဉ် (၇) ရပ်ဖြင့် ၁၂-၁၀-၂၀၂၁ ရက် (အင်္ဂါနေ့) နံနက် (၁၁း၀၀)နာရီတွင် စာပေဗိမာန်ရုံး

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ