ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Apr 07, 2022
“မဟာဂီတတွင် ဖွဲ့ဆိုခဲ့သော မင်းခမ်းတော်များ” စာအုပ်တွင်  အခန်း (၆) ခန်းခွဲကာ တင်ပြထားပြီး မင်းခမ်းတော်ဟူသည့် အဓိပ္ပာယ်ရှင်းလင်းချက်၊ လက်ယာမင်းခမ်းတော်၊ လက်ဝဲမင်းခမ်းတော်၊ မင်းခမ်းတော်ဆိုင်ရာ မဟာဂီတသီချင်းများ၊ ကြိုးသီချင်းများမှ မင်းခမ်းတော်ဖွဲ့သီမှု၊
Apr 07, 2022
“ရုပ်သေးသဘင်သုံး ဇာတ်စာဇာတ်စကားများ” စာအုပ်သည် ရုပ်သေးသဘင်သုံး ဇာတ်စာ ဇာတ်စကားများကို အခန်း ၁၄ ခန်းတွင် ခေါင်းစဉ်ငယ်များခွဲ၍ ဖော်ပြထားရာ နိဒါန်း၊ ရုပ်သေးဇာတ်စာ ဇာတ်စကားများ၊ တိုင်းပြည်တည်ခန်း၊ ရုပ်သေးအခေါ်အထူးများ၊ ရုပ်သေးမင်းသားတို့၏ အဖွဲ့အနွဲ့ ဇာတ်စကားများ၊
Apr 07, 2022
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၂ ခုနှစ်၊ ဧပြီလ၊ အတွဲ(၄၉)၊ အမှတ်(၄) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ