ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Nov 30, 2022
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၄၈)၌ မျောက်နီတာ၏ ပညာဉာဏ်ရှိမှုကြောင့် အသက်ဘေးက လွတ်မြောက်သွားသော ရွှေယုန်အကြောင်း ရေးဖွဲ့ထားသည့် “ရွှေယုန်နဲ့ အိပ်မက်” မျက်နှာဖုံးကာတွန်း၊ ကျေးဇူးရှင် သခင်များ အပေါ် အလိုက်သိတတ်ပြီး ကျေးဇူးသိတတ်သော ခွေးလေးအောင်နက်၏ သနားစဖွယ်အဖြစ်ကို ရေးဖွဲ့ ထားသည့် “ကျေးဇူးသိသော အောင်နက်လေး” နှစ်မျက်နှာကာတွန်း၊
Nov 30, 2022
C.S UNDERWEAR COLLECTION COMPANY LIMITED၊ YATI TUN COMPANY LIMITED ဖျက်သိမ်းရန် ကြေညာချက်၊ Texplus Garment Company Limited၊ LMS COMPANY LIMITED (အစုရှင်များ ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ Mitsui E & S Machinery Co., Ltd (Yangon Branch)
Nov 28, 2022
MORIYA COMPANY LIMITED လူမွဲခံယူခြင်းဆိုင်ရာဥပဒေပုဒ်မ-၁၄၇(က) (၁)၊ (၂) အရနှင့် အစုရှင်များ၏ဆန္ဒအလျောက် လူမွဲခံယူခြင်းဆိုင်ရာ စာရင်းရှင်းလင်းဖျက်သိမ်းရန် ကြေညာခြင်း၊ POTENCER INTERNATIONAL CO.,LTD ကုမ္ပဏီတရားဝင် ဖျက်သိမ်းခြင်း၊ Notice Under Section 206 (1) of the Myanmar Companies Act WH BUILDING SOLUTIONS

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ