ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Feb 28, 2023
(၁) ငါ့အခန်း မျက်နှာကြက်က ကြယ်ကလေးတွေ – မင်းဝေဟင်၊ (၂) သွက်ချပါဒကမ္ဘာ မဂ္ဂဇင်း ဝတ္ထုတိုများ - မင်းဝေဟင်၊ (၃) ဂျာနယ်ကျော် ဦးချစ်မောင်နှင့် မြန်မာ့နိုင်ငံရေး (၁၉၁၂-၁၉၄၆) - ပါမောက္ခဒေါက်တာ စန်းစန်းမြင့် ၊ (၄) အစာသွတ်အသွေး - အဲမိုးခြိမ့်၊ (၅) ဆယ့်နှစ်လရာသီ စာပန်းချီ - ရွှေတိုင်လွင်၊ (၆) တစ်ကြောင်းတည်းသော မြန်မာနိုင်ငံထွက်ရပ်လမ်း မြေပုံကျမ်း - သက်ဦးနိုင် (ကျည်ကာ)
Feb 28, 2023
အဆိုပါ နှီးနှောဖလှယ်ပွဲတွင် ဒေါ်တင်တင်ဝင်း (ဒုတိယစာတည်းမှူးချုပ်-ငြိမ်း)၊ ဦးညွန့်ဟံ (ညွန့်ဟံ-ကြူတော)နှင့် ဦးစန်းတင့် (တက္ကသိုလ်ဆန်းတင့်နိုင်) တို့က “ပြည်သူ့လက်စွဲစာအုပ်များ အပြင်အဆင် ကောင်းမွန်ပြီး အမှားအယွင်းမရှိစေရေး ဆောင်ရန် ရှောင်ရန်အချက်များ” ခေါင်းစဉ်ဖြင့် ပို့ချခဲ့ရာ အရာထမ်း (၁၆) ဦး၊ အမှုထမ်း (၁၆) ဦး၊ စုစုပေါင်း ဝန်ထမ်း (၃၂) ဦးတို့ တက်ရောက်ခဲ့ကြသည်။
Feb 24, 2023
အဆိုပါ နှီးနှောဖလှယ်ပွဲတွင် ဆရာဟိန်းလတ်က “ဘာသာပြန်ဆိုခြင်းအတွေ့အကြုံများ” ခေါင်းစဉ်ဖြင့် ပို့ချခဲ့ရာ အရာထမ်း (၁၆) ဦး၊ အမှုထမ်း (၁၆) ဦး၊ စုစုပေါင်း ဝန်ထမ်း (၃၂) ဦးတို့ တက်ရောက်ခဲ့ကြသည်။

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ